ကုန်သွယ်မှုသတင်းများ
ပြင်သစ်ပန်း(ခ) ဆောင်တော်ကူးပန်းသည် အရောင်မှာဖြူစွတ်စွတ်အရောင်ရှိပြီး ပန်းပွင့်ချိန်တွင် အဆုပ်လိုက် အဆုပ်လိုက်ပွင့်တက် သောနွယ်ပင်တစ်မျိုးဖြစ်ပါသည်။ ထိုပန်းသည် ဆောင်းဦးပေါက်ရာသီချိန်ဖြစ်သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ထွက်ပေါ်လာပြီး တစ်နှစ်မှတစ်ခါသာပေါ်တက်သဖြင့် လူအများက နှစ်ခြိုက်စွာဝယ်ယူကြသော ပန်းတစ်မျိုးဖြစ်ပါသည်။ ပြင်သစ်ပန်း(ခ) ဆောင်တော်ကူးပန်းများကို ပြည်ဈေးကွက်သို့ အနီးအနားရှိ ကျေးရွာများ၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိကျေးရွာများမှ လာရောက်ရောင်းချကြပါ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ခရိုင်၊ ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များတွင် နှမ်းများအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအပတ်တွင် နှမ်းနီမှာ ဈေးအနည်းငယ်မြင့်တက်လာခဲ့ကြောင်းသိရသည်။ နှမ်းအနီကိုဒေသတွင်း ဆီစက်သမားများကဝယ်ယူမှုရှိသဖြင့် ဈေးအနည်းငယ်မြင့်တက်လာပါသည်။ နှမ်းနက်နှင့်စမုံနက်နှမ်းမှာ ဝယ်ယူမှုနည်းသည့်အတွက် ဈေးမှာ ယခင်အပတ်ကအတိုင်း ငြိမ်နေတာတွေ့ရပါသည်။ ယခုအချိန်တွင် ဆောင်းနှမ်းများစိုက်ပျိုးချိန်ဖြစ်ပြီး ပြည်ခရိုင်အနေဖြင့် ပြည်မြို့နှင့် ရွှေတောင်မြို့နယ်တို့တွင် စိုက်ပျိုးထားကြောင်းသ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၁၂၂၀၀၀) ကျပ်မှ အမြင့်ဆုံး (၁၂၃၀၀၀) ကျပ်ထိရှိပြီး ယခုနိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းမှာတော့ ပိဿာ ၂၀ တစ်တင်းကို ၁၁၆၅၀၀ကျပ်ခန့်မှ (၁၁၇၀၀၀) ကျပ်ထိရှိကြောင်းသိရသည်။ စီးထွက်မူ့အနေဖြင့်နိုဝင်ဘာလ တစ်လလုံးတွင် ရန်ကုန်မြို့သို့ (၁၄၉၀၀၀) အိတ်ခန့်တင်ပို့နိုင်ခဲ့ပါသည်။ ယခုနိုဝင်ဘာလ နောက်ဆုံးပတ်ထိ တင်ပို့မှု့အနေဖြင့် (၁၄၉၀၀၀)အိတ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ အောက်တိုဘာလဒုတိယပတ်မှ အောက်တိုဘာလနောက်ဆုံးပတ်အထိ ကြက်သွန်နီ(အကြီး) လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀/ ၂၈၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိနေခဲ့သော်လည်း နိုဝင်ဘာလဆန်းမှစတင်ပြီး ကြက်သွန်နီ ဈေးနှုန်းများ တစ်ဖြည်းဖြည်းမြင့်တက်လာပြီး ယခုနိုဝင်ဘာလနောက်ဆုံးပတ်တွင် ကြက်သွန်နီတစ်ပိဿာလျင်ကြက်သွန်နီ (ကြီး)၅၀၀၀/ကျပ်၊ ကြက်သွန်နီ(လတ်)၄၀၀၀/ကျပ်၊ ကြက်သွန်န
