
ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် တရုတ်နိုင်ငံသို့ ပိန္နဲသီးများတင်ပို့နိုင်တော့မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံကြားသဘောတူညီမှုများ လက်မှတ်ရေးထိုးလျက်ရှိကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ အဆိုပါသဘောတူညီမှု ကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဗီယက်နမ်နိုင်ငံစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး Tran Duc Thang နှင့် တရုတ်နိုင်ငံ အကောက်ခွန်ကြီးကြပ်ရေး (GACC) ဒုတိယညွှန်ကြားရေးမှူးဆိုသူ Zhao Zenglian တို့ အလုပ်ရုံဆွေးနွေးပွဲအတွင်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံကြား စိုက်ပျိုးရေးထုတ်ကုန် ကုန်သွယ်ရေးတွင် မှတ်တိုင်သစ်တစ်ခုဖြစ်လာပြီး တစ်ခြားသောငရုတ်သီး၊ ပင်မှည့်သီး၊ ဆန်နှင့် အစေ့အဆံ ကုန်သွယ်မှုများကိုလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ GACC သည် ဗီယက်နမ်နိုင်ငံမှ အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းနိုင်ရန် ဈေးကွက်များ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ပြီး ဗီယက်နမ်နိုင်ငံသည်လည်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဗီယက်နမ်နိုင်ငံ၏ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုများသည် အမေရီကန်ဒေါ်လာ ၇.၁ ဘီလီယံခန့်အထိ ရောက်ရှိခဲ့ပြီးတစ်နှစ်ထက်တစ်နှစ် ၁၅.၁ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်းနှင့် တင်ပို့မှုများ၏ ၆၂.၉ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံနှင့်ဖြစ်ကြောင်း သိရပါသည်။ ပိန္နဲသီးတင်ပို့မှု သဘောတူညီချက်သည် တစ်နှစ်ပတ်လုံး အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံခန့် ရောက်ရှိရန်ရည်မှန်းထားကြောင်း သိရှိရပါသည်။
Source: Vietnam Plus
DOCA (ရန်ကုန်)
