ကုန်သွယ်မှုသတင်းများ

Powered by Drupal
12 Dec 2024

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူခရိုင်တွင် ရောင်းချနေသည့် ကွမ်းသီးများကို ကန့်ဘလူခရိုင်အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်း ဝယ်ယူ၍ ကွမ်းသီးမှ ကွမ်းသီးစိတ်များထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

12 Dec 2024

 မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

12 Dec 2024

              ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သည်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသော မြို့နယ်ဖြစ်သည်။ ယခုအခါတွင် ပဲပုတ်သီးနှံများဖြစ်ထွန်းအောင်မြင်နေပြီဖြစ်ရာ ပဲပုတ်စိုက်တောင်သူများအနေဖြင့် မြို့ပေါ်ကုန်သည်များထံသို့ ၎င်းနီးစလပ်ရာမြို့များသို့ သွားရောက်ရောင်းချခြင်းဖြင့်လည်းကောင်း  ၊မြို့ပေါ်ကုန်သည်များ ကွင်းအရောက်ဆင်းကာဝယ်ယူခြင်းဖြင့်လည်းကောင်း၊ အရောင်းအဝယ်ဖြစ်နေလျက်ရှိပါသည်။ မြို့ပေါ်ကုန်သည်ကြီးများအနေဖြင့် တောင်သူများထံမှပွဲရုံအရောက် ပိဿာ (၂၀) တစ်တင်း  လ

12 Dec 2024

              ပြည်ပဲဈေးကွက်သို့ ဘိုကိတ်ပဲသစ်များ အထွက်လှိုင်လာသည့်အတွက် ဝင်ရောက်မှုအနေဖြင့် တစ်ရက်အိတ် (၁၀၀)ကျော်ဝင်ရောက်လာခဲ့ပါသည်။ မင်းတုန်း၊ ကံမ၊ ပန်းတောင်းမြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းလက်လီသမားများသည် နေ့စဉ်အဝယ်ရှိနေသလို လက်ကားဝယ်ယူမှုများလည်းရှိကြောင်း သိရပါသည်။ ကုန်ဈေးနှုန်းအနေဖြင့် တစ်တင်းကို ၁၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိခဲ့သောကြောင့် ပဲဈေးကွက်အတွင်း ပြည်ပဝယ်လိုအားများသော မတ်ပဲ၊ ပဲစင်းငုံသီးနှံများ နည်းတူဈေးကောင်းရနေခဲ့သော ပဲသီးနှံဖြစ်ကြောင်း သိ

12 Dec 2024

     ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊  ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ဒေသထွက် ခရမ်းချဉ်သီးများနှင့်ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

Pages