
ပွင့်လင်းရာသီ ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့ဒေသထွက် ကိုင်းခရမ်းချဥ်သီး ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ကိုင်းခရမ်းချဥ်သီးမျာကို အကြီး၊အသေး မခွဲခြားဘဲ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း ပြောကြားခဲ့သည်။ ဈေးကွက်အတွင်း ကိုင်းခရမ်းချဥ်သီး ဈေးနှုန်းမှာ ကိုင်းခရမ်းချဥ်သီး အလုံးကြီး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ခရမ်းချဥ်သီး အလုံးသေး တစ်ပိဿာလျှင်(၁၃၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)
