ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်တွင်စိုက်ပျိုးလျှက်ရှိသော မိုးမြေပဲစိုက်ပျိုးဧကမှာ ယခုနှစ်တွင် ၄၁၃၁၉ဧက စိုက်ပျိုးပြီး ထွက်ရှိမှုမှာ ၃၆၃၆၁ ဧကခန့် ရိတ်သိမ်းနိုင်ခဲ့ပါသည်။ ပြည်ခရိုင်၏မြေပဲဆန်ဈေးမှာ လက်ကျန်နည်းနေပြီဖြစ်၍ ဈေးအနည်းငယ်မြင့်လျက်ရှိကြောင်း သိရှိရပါသည်။ မြေပဲဆန်အဝင်နည်း၍ တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝင်ရှိပါသည်။ မြေပဲလုံးဆန်(အဖြူ)တစ်ပိဿာကို ၈၄၀၀ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် ၈၄၀၀ကျပ်ဖြင့်အဝင်ရှိပြီး လုပ်ငန်းရှင်များနှင့်ရန်ကုန်အဝယ်ရှိပြီး တစ်ရက်လျှင် အိတ်(၃၀၀)ခန့် အဝယ်ရှိပါသည်။ မြ

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ကျောက်ဖရုံသီးစိုက်ပျိုးသူတောင်သူ (၈)ဦးရှိပြီး ကျောက်ဖရုံစင်ပေါင်း (၈)စင်ရှိပါသည်။ ထို့ကြောင့် ကျောက်ဖရုံစိုက်ပျိုးထုတ်လုပ်မှုအား သိရှိနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၃.၁၂.၂၀၂၄) ရက်နေ့တွင်သွားရောက်လေ့လာခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဒီဇင်ဘာလ(ပထမပတ်)တွင် ပဲတီစိမ်းသေး(ခေါ်) ပဲနှောက်သီးနှံများ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)မှစ၍ ပဲနှောက်သီးနှံအသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု ဒီဇင်ဘာလ(ပထမပတ်)တွင် လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်း (ခေါ်) ပဲနှောက်သီးနှံသည် တစ်နှစ်လျှင် မိုး၊
တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့မှ ဝင်ရောက်လာသည့် ပင်မှည့်သီး(ခေါ်) လိုင်းမချူးသီးများ ရောင်းချလျက်ရှိနေပါသည်။ ပင်မှည့်သီးတွင် အနီသီးနှင့်အဝါသီးဟူ၍ နှစ်မျိုးရှိပါသည်။ ပင်မှည့်သီးကို သကြားနှင့်တို့စားနိုင်သကဲ့သို့ ဖျော်ရည်ပြုလုပ်၍လည်း သောက်သုံးနိုင်ကြောင်းသိရသည်။

တောင်ငူမြို့ ညောင်ပင်လေးဈေးသည် သစ်သီးဝလံဟင်းသီးဟင်းရွက်မျိုးစုံ လာရောက်ရောင်းချသည့် ကုန်စိမ်းဈေးဖြစ်ရာ ရှမ်းပြည်မှ ပန်းဂေါ်ဖီပွင့်များ ရောင်းချလျက်ရှိနေပါသည်။ ပန်းဂေါ်ဖီပွင့်သည် ယခုအခါပေါ်ခါစဖြစ်၍ တစ်ပွင့်လျှင် အသေး ၁၅၀၀ ကျပ်၊ အလတ် ၂၀၀၀ ကျပ် နှင့် အကြီး ၂၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။
