ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရန်ကုန်-ဓနုဖြူ-ဟင်္သတကားလမ်းဘေး ကျေးရွာများတွင် ပဲတိုင်တောင်သီးနှံကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဓနုဖြူမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ဧက ၈၆၁ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့မဈေး၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်းရှင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကြက်ဥ၊ ဘဲဥ ၊ ကြက်သား(CP) ၊ ငါးများကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ကြံခင်းမြို့ မြို့မဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan NewAsia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၅၂) ပေပါကို ယာဥ်မောင်း ဦးမျိုးမင်းကျော်၊ ယာဉ်အမှတ် 7K-6531/ Hino မော်တော်ယာဥ်နှင့် (၁၀း၀၀) အချိန်တွင် Kaung Hlyan NewAsia Co,Ltd မှ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအားကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။
