ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Dec 2024

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၅.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊  မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ရွာသာကုန်းကျေးရွာအုပ်စုရှိ ဟင်္သာတ တက္ကသိုလ်ကျောင်းဝန်းအတွင်း၌  တက္ကသိုလ်ဝန်ထမ်းများ၊ အနီးပတ်ဝန်းကျင် ပြည်သူများ အားကြက်ဥ၊အသား၊ငါးနှင့် စားအုန်းဆီများအားသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

17 Dec 2024

             မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁)ဈေးတွင်  ရောင်းချနေသော သစ်သီးဝလံ များမှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့တို့မှ အသီးသီးဝင်ရောက် လျက်ရှိကြောင်းသိရသည်။

17 Dec 2024

             မွန်ပြည်နယ်အတွင်းရှိ ကျိုက္ခမီမြို့သည် ငါးခြောက်ထွက်ရှိသည့်ဒေသဖြစ်သည်။ ယခုနှစ် မိုးရာသီအကုန် ဆောင်းရာသီ၏အစတွင် ငါးခြောက်အမယ်စုံများအသစ်ထွက်ရှိလာပြီဖြစ်သည်။  ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယအပတ်)တွင် ရောင်းချသည့် ငါးခြောက်အမယ်များမှာ ငါးနှပ်ခြောက် (အာပြဲခြောက်)၊ ငါးပုပ်ခြောက်၊ ငါးနီတူခြောက်၊ ငါးလိပ်ကျောက်ခြောက်၊ ငါးရွှေခြောက်၊ ငါးအူမြင်းခြောက်၊ ငါးကွင်းဆက်ခြောက်၊ ငါးတံခွန်ခြောက် (အကောင်သေး)၊ ငါးတံခွန်ခြောက် ခွဲခြမ်း၊ ငါးဖောင်ရိုးခြောက်၊ ငါးစာပြက်၊ ငါးစင်ရိုင်းခြောက်၊

17 Dec 2024

           မွန်ပြည်နယ်အတွင်း ကွမ်းသီးဈေးနှုန်းကို ယခင်လထက် မြင့်တက်နေကြောင်းသိရသည်။ မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့်ရေးမြို့နယ်မှ အထွက်များသော ကွမ်းသီးဈေးနှုန်းမှာ မော်လမြိုင် အညိုသီး (အသန့်)၊ (၁)ပိဿာလျှင် ၇၇၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်)၊ (၁)ပိဿာလျှင် ၈၁၀၀ ကျပ်၊ ရေးသီး (အသန့်) ၊ (၁)ပိဿာလျှင် ၈၉၀၀ ကျပ်ရှိကြောင်းသိရသည်။

17 Dec 2024

             ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် သကြားပြောင်းများကို စိုက်ပျိုးကြပါသည်။ ထိုမှထွက်ရှိသော သကြားပြောင်းများကို ပြည်မြို့ရှိဈေးကွက်များတွင် လာရောက်ရောင်းချကြပါသည်။ သကြားပြောင်းများကို လူအများသည် သရေစာအဖြစ်စားသုံးကြခြင်း၊ ဟင်းချက်၍စားသုံးကြသဖြင့် စားသုံးသူများကြိုက်နှစ်သက်သော ပြောင်းဖူးမျိုးဖြစ်ပြီး ပြောင်းဖူးစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကြသဖြင့် ပိုမိုစိုက်ပျိုးလာကြပါသည်။ ထွက်ရှိလာသည့်ပြောင်းဖူးများကို တစ်ဆင့်ပြန်လည်

Pages