ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Dec 2024

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်ကြသော ပေါက်၊ ရေစကြို၊ ကမ္မ၊ ရေပြာနှင့် ဆိပ်ဖြူနယ်မှ မိုးစိုက်(ဥစိုက်)များ အများဆုံးစိုက်ပျိုးကြပါသည်။ ပခုက္ကူကြက်သွန်နီ ကုန်စည်ဒိုင်သို့ ရေစကြိုမြို့မှ မိုးစိုက်(ဥစိုက်)များ ဒီဇင်ဘာလဆန်းမှ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

17 Dec 2024

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်၌ ဒီဇင်ဘာလ(ပထမပတ်)တွင် နှမ်းနက်စမုံ၊ နှမ်းဝါများ စတင်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်သည် ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲယင်း၊ ပဲတီစိမ်း၊ ပဲနီပြား၊ အခြားပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းနက်စမုံ၊ နှမ်းဝါ၊နှမ်းညိုများကို အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏ စီးပွားရေး အချက်အချာကြသော နေရာဒေသ တစ်ခုလည်းဖြစ်ပြီး နယ်ပေါင်းစုံမှ သီးနှံများလည်း အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

17 Dec 2024

            ပြည်မြို့နယ်ရှိ ဈေးကွက်များတွင် ဒေသထွက်ပန်းဂေါဖီမျိုးများ စတင်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။ ပန်းဂေါ်ဖီသည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးကြပါသည်။ မြေပြန့်ဒေသများတွင် စိုက်ပျိုးပြီး ရက် (၉၀)အကြာ နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် စတင်ဆွတ်ခူးကြကြောင်းသိရပါသည်။ ပြည်မြို့နယ်အနေဖြင့် ပန်းဂေါ်ဖီကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရသည်။ စိုက်ပျိုးသည့်ကျေးရွာများမှာ မှော်ဇာကျေးရွာ၊ ပြည်မြို့အနီးတစ်ဝို

17 Dec 2024

            ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ စည်ပင်သာယာဈေးကြီးများနှင့် ရပ်ကွက်ဈေးများတွင် ကန်စွန်းဥများ ရောင်းချလျက်ရှိပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ကန်စွန်းဥအမျိုးအစားမှာ မြန်မာကန်စွန်းဥနှင့် ကိုးရီးယားကန်စွန်းဥဟူ၍ အမျိုးအစား(၂)မျိုးရှိပါသည်။ ရောင်းချနေသော ကန်စွန်းဥဈေးများမှာ မြန်မာကန်စွန်းဥ တစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ်နှင့် ကိုးရီးယားကန်စွန်းဥ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ကိုးရီးယားကန်စွန်းဥမှာ မြန်မာကန်စွန်း ဥထက်အရသာပိုချိုပြီး အလုံးအရွယ်အစားမှာလ

17 Dec 2024

            ဟင်းကပေါင်းပင်မှာ နွယ်ပင်အမျိုးအစားဖြစ်ပါသည်။ ကြက်ဟင်းခါးသီးပင်နှင့် အမျိုးအစား တူညီပါသည်။ ဟင်းကပေါင်းပင်မှာ စိုက်ပျိုးထားသည့် အပင်အမျိုးအစားမဟုတ်ပါပဲ ရာသီပေါ်စားစရာ သဘာဝစစ်စစ်အပင်မျိုးဖြစ်ပါသည်။ အသီး၏ပုံပန်းသဏ္ဍာန်မှာ ပိန္နဲသီးအကင်းနှင့်တူပါသည်။ ကြက်ဟင်းခါးသီးကဲ့သို့ပင် အထဲတွင်အစေ့ကလေးများလည်းပါရှိပါသည်။ အသီးအခွံအရောင်မှာ စိမ်းဝါရောင်တောက်တောက် ရှိပါသည်။ ဟင်းကပေါင်းသီးပင်မှာ ကျေးလက်ဒေသများတွင် ခြုံပုတ်များပေါ်တွင် အများအပြား အလေ့ကျပေါက်သည့် အပင်အမျိုးအစားဖြစ်ပါ

Pages