ကုန်သွယ်မှုသတင်းများ
ယာကွန်ပင်စည်ဥ (Tuber Root) ကို စားသုံးနိုင်ရန်အတွက်စိုက်ပျိုးကြပြီး ယာကွန်ဥသည် ကြွပ်ဆတ်၍ အရည်ရွှမ်းပြီး ပန်းသီး၊ သစ်တော်သီးတို့ကဲ့သို့ ချိုမြိန်ပါသည်။ ယာကွန်ဥကို တူးဖော်ပြီးနောက် ခြောက်သွေ့၍အေးမြပြီး လေဝင်လေထွက်ကောင်း သောနေရာတွင်ထားပါက ကာလအတန်ကြာအထိ သိုလှောင်ထားနိုင်သည်။ နေရောင်တွင် နှစ်ပတ်ခန့်လှန်းပြီးစားပါက အချိုအရသာကို ပိုမ

ဒန့်သလွန်သီးကို မြန်မာလူမျိုးများက နှစ်သက်စွာချက်ပြုတ်စားသောက်လေ့ ရှိကြပါသည်။ ဒန့်သလွန်သီးကို ချဉ်ရည်ဟင်းချက်ပြုတ်လေ့ရှိပြီး ဒန့်သလွန်သီး အသီးနုများကို ဟင်းချက်စားကြပြီး ရင့်သောအသီးမှ အစေ့များကို မြေပဲကဲ့သို့ စားကြပါသည်။ ဒန့်သလွန်သီးသည် ရှည်လျား၍ အစိမ်းရင့်ရောင်ရှိပြီး အမြောင်းပါဝင်၍ အသီးအတွင်းတွင် အစေ့များ တန်းစီလျက် (၅-၇) စေ့ခန့် ပါဝင်ကာ အတွင်းသားထူသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် ရာသီပေါ်အစားအစာဖြစ်သည့် တောင်ပို့မှိုများအား ဟင်းအဖြစ်ကြော်စား၊ ချက်စားခြင်းနှင့် အချဉ်သိပ်၍ စားသောက်ကြပြီး ယခုနှစ်တွင် ပိုမိုဈေးကောင်းရရှိသည့်အတွက် မှိုရှာဖွေရောင်းချသည့် တောင်သူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုသည် နေရာဒေသအနှံ့တွင် တစ်နှစ်ပတ်လုံးထွက်ရှိနေကြောင်းသိရသည်။ ဒေသအလိုက် ငရုပ်သီးပေါ်ချိန်ကွာခြားသကဲ့သို့ ဈေးကွက် အတက်၊ အကျကလည်း ဟန်ကျလိုက်၊ မကျလိုက်နှင့် ငရုပ်သီးထွက်ရှိချိန်ကာလလိုက် ဖြစ်ပေါ် နေပါသည်။ ငရုပ်မျိုးကိုမူတည်ခွဲခြားလိုက်လျှင် မိုးပေါ်ထောင်မတ်သီးသော မိုးမျှော်ငရုပ် ရှိသကဲ့သို့ အပင်မှအောက်ငိုက်သီးသော ငရုပ်မျိုးရှိကြသည်။ တစ်ဖန်ငရုတ်သီး၏ ပုံသဏ္ဌာန်ကိုမူတည်ပြီး ခွဲခြားမည်ဆိုပါကငရုပ်သီးအရှည်၊ ငရုပ်သီးအပု၊ ငရုပ်သီးအပွလ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲထွက်တိုးတစ်တင်း လျင် (၉၀၀၀၀)ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျင် (၈၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို
