ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ထင်း/ မီးသွေးအစားထိုး စပါးခွံလောင်စာ တောင့်ထုတ်လုပ်ခြင်းကို ရန်ကုန်-ဟင်္သာတ ကားလမ်းဘေး၊ အမှတ် (၁၇)ရပ်ကွက် မိဘဂုဏ်ရည်ဆန်စက်၌ ၂၀၂၀ ခုနှစ်ကတည်းက လုပ်ငန်းစတင်ပြီး လောင်စာတောင့်ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

ဓနုဖြူမြို့နယ် တောင်သူ ဦးတင်ရွှေထော်ကွဲကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာ ဓနုဖြူမြို့နယ်တွင် နွေစပါး GW-11 ကို ကွင်းအမှတ် က(၁၀၄)တွင် ၁၃ဧက စိုက်ပျိုးထားကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ရွှေကညင် ကျေးရွာရှိ ကိုင်းမြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ထိုင်ဝမ် ကန်စွန်း ကို စိုက်ပျိုးထားရာအောင်မြင်ဖြစ်ထွန်းပြီး ပေ ၆၀ပတ်လည် ကန်စွန်းတစ်ခင်းလျှင် ငွေကျပ် ၂သိန်း ခန့်ကုန်ကျ ကြောင်း ထိုင်ဝမ်ကန်စွန်း စိုက်ပျိုးရောင်းချ သူ တောင်သူ ထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ လက်ဆွဲချောင်းကျေးရွာတွင် ရွှေဖရုံသီး သီးနှံကို စိုက်ပျိုးလျက်ရှိပြီး အခြားသော ဟင်းသီ’ဟင်းရွက်သီးနှံများလည်း စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဧရာဝတီဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ လက်ဆွဲချောင်းအုပ်စု၊ ရွှေကညင် ကျေးရွာ တောင်သူ ဦးပေါကြွယ် ကိုင်းမြေတွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးကြပြီး အစေ့ထုတ် ပြောင်းသီးနှံကို စိုက်ဧက ၃ ဧက ခွဲခန့် စိုက်ပျိုးထားရှိ ကြောင်း သိရသည်။
