ကုန်သွယ်မှုသတင်းများ
မုန့်လက်သုတ်သည် ထားဝယ်လူမျိုးတို့ အင်မတန်နှစ်သက်စွာ စားသုံးသော စားစရာတမျိုးပင်ဖြစ် သည်။ ထားဝယ်မုန့်ဟင်းခါးမှ မုန့်ဟင်းခါးရည်ကို မသုံးပဲမုန့်လက်သုပ်ရည်ကိုသာ ထည့်၍ စားသုံးသည် ကိုမုန့် လက်သုပ်ဟုခေါ်သည်။ မုန့်လက်သုပ်မှာ အုန်းရည်ပါသဖြင့် ချဥ်ပြုံးပြုံးဖြင့် အရသာရှိလှသည်။ အဆာပြေစားသုံးသော သရေစာ တမျိုးလည်းဖြစ်သည်။

ထားဝယ်မြို့ သစ်သီးဆိုင်များရှိ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ဖရဲသခွားမွှေးများလည်း လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။
ဖရဲသခွားမွှေးသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြသည်ဟု သိရှိရပါသည်။ ဖရဲသခွားမွှေးကို သားရည်စာ အဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း အများဆုံး စားသုံးကြပါသည်။

မြိတ်မြို့နယ်စျေးကွက်အတွင်းရှိ မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်ဖြူကို နေရာ အနှံ့အပြားတွင် ရောင်းချကြပါသည်။ မြိတ်မြို့ဈေးကွက်အတွင်း အပတ်စဉ်ဝင်ရောက်လျက်ရှိပြီး ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများ၊ မြို့နယ်များမှ တစ်ဆင့်ပြန်လည်ရောင်းချသူများ ပုံမှန်ရောင်းဝယ်နေကြောင်း သိရှိရပါသည်။

မန္တလေးကုန်စိမ်းစျေးကွက်သို့ ၂၀၂၅ ခုနှစ်မတ်လတတိယပတ်အတွင်း ပန်းဂေါ်ဖီစိမ်းများ ဝင်ရောက်မှုနည်းသွားသည့်အတွက် စျေးအနည်းငယ်မြင့်သွားကြောင်း သိရပါသည်။ မန္တလေးဒေသ ပတ်ဝန်းကျင်ဖြစ်သည့် အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်ဒေသများနှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်း မှာအရောင်းသွက်သည့်ကုန်စိမ်းအမယ်

ကြက်သွန်နီသည် ဟင်းလျာများကို အနံ့အရသာကောင်းမွန်စေရန်သုံးစွဲသော အဓိကစားဖို ချောင်သုံးအစားအစာတွင် အဓိကမပါမဖြစ်သော အသီးအနှံတစ်မျိုးဖြစ်ပြီး စျေးနှင့်ကုန်စုံဆိုင်များ တွင် အလွယ်တျကူဝယ်ယူရရှိနိုင်ပါသည်။ ရန်ကုန်တိုင်းတို့မှအဓိကဝယ်ယူကြပြီး မြို့အတွင်း ပြန်လည်ရောင်းချလျက်ရျိကြောင်းသိရှိရပါသည်။
ယခင်လများတွင် မြိတ်မြို့နယ်အတွင်း ကြက်သွန်ဈေးနှုန်းမှာ (၃၈၀၀)ကျပ်ရှိ ပြီး ယခုမတ်လတတိယပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ(၃၅၀၀)ကျပ်ရှိကြောင်း၊ ဈေးနှုန်းကျဆင်း လာ ကြောင်းသိရှိရပါသည်။
