ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Mar 2025

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေး ကုန်စိမ်းသီးနှံဈေးကွက်တွင် ရာသီပေါ်သီးနှံ ဒေသထွက်ကန်စွန်းဥများ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ရွှေဝါကန်စွန်းဥများကို မန္တလေးဈေးကွက်မှ သယ်ယူရောင်းချ ရပြီး ယခုအချိန်တွင် ဒေသထွက် စိုက်ပျိုးမှုများသော မြေနုကျွန်းကျေးရွာများဖြစ်သည့် ရေလယ် ကျွန်း၊ တောင်ငယ်လုံး၊ ကိုးတောင့်၊ သံဇလုံ၊ ပဒေသာကျွန်း ကျေးရွာများမှ ဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရွှေဝါနှင့် ငချိတ်ကန်စွ

25 Mar 2025

          စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် စားသုံးသူအသိပညာပေးခြင်း၊ စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်းများသာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပါ ဆောင်ရွက်လျက်ရှိရာ စျေးကွက်အတွင်းရှိ အိမ်ဆောက်ပစ္စည်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ် မှုရှိ/မရှိ၊ စျေးနှုန်းနှင့်လက်ကျန်အခြေအနေများအား အိမ်‌ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ် ကွင်းဆင်းလေ့လာစုံစမ်းတင်ပြပေးလျက်ရှိပါသည်။

25 Mar 2025

            မန္တလေးတိုင်းဒေသကြီးအတွင်း အစေ့ထုတ်ပြောင်းကိုမြင်းခြံခရိုင်နှင့်ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းခရိုင်၊ တံတားဦးခရိုင်နှင့် မတ္တရာမြို့နယ်တို့တွင် စိုက်ပျိုးကြပြီး မြင်းခြံခရိုင်တွင် အများဆုံး စိုက်ပျိုးကြသည်။၂၀၂၄-၂၀၂၅ ခုနှစ် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက် စိုက်ပျိုးမှု အနေဖြင့် အစေ့ထုတ်ပြောင်း(မိုး)ကို (၁၈၀၈၆)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်(၅၇.၂၂) တင်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။ အစေ့ထုတ်ပြောင်း(ဆောင်း)ကို (၂၁၉၉၆)ဧက စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလမှ စတင်၍ ရိတ်သိ

25 Mar 2025

            အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ တရုတ်ပင်လယ်စာ ကုမ္ပဏီ၈ ခုကို သွင်းကုန်သတိပေးချက်စာရင်းတွင်ထည့်သွင်းထားကြောင်း ဖေဖော်ဝါရီလတွင် ကြေညာခဲ့ သည်။ ထိုသို့ လုပ်ဆောင်ရခြင်းမှာ တင်သွင်းလာသောဂုံးများတွင် per နှင့် polyfluoroalkyl ဒြပ်စင်များပါဝင်မှု မြင့်မားနေခြင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ အမေရိကန်သို့ တင်သွင်း လာသောဂုံးများသည် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းမရှိပဲ နယ်စပ်တွင်ပင် အလို အလျှောက် ထိန်းသိမ်းခံရမည်ဖြစ်ကြောင်း FDA မှ တားမြစ်ထားသော ပင်လယ်စာ

25 Mar 2025

          အမေရိကန်ပြည်ထောင်စုသည် စျေးနှုန်းမြင့်တင်မှုကို သက်သာစေရန်အတွက် တောင်ကိုရီးယား နှင့်တူရကီတို့မှ ဥများ တင်သွင်းနေကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီး Broole Rollins က မတ်လ ၂၁ ရက်နေ့ကပြောကြားခဲ့သည်။ ထိုနှစ်နိုင်ငံမှ သွင်းကုန်များအား စတင်တင်သွင်းနေပြီဖြစ်ပြီ အခြား နိုင်ငံများမှ သွင်းကုန်မျာကိုလည်း တင်သွင်းရန် ဆွေးနွေး နေကြောင်း၊ ဥသန်းရာနှင့်ချီ၍ တင်သွင်းရန် ဆွေးနွေးနေကြောင်း Brooke Rollins က ဆက်လက်ပြောကြားခဲ့သည်။

Pages