ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော ဘိလပ်မြေ ဈေးနှုန်းများမှာ (ပထမပတ်)ထက် ဈေးအနည်းငယ်ကျဆင်းနေပြီး ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၀၂၀၀)၊ အယ်လ်ဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၀၂၀၀)၊ အပါချီဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၀၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီးပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျှက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ်

စွမ်းအင်လုပ်ငန်းစု Bangchok Corporation Plc ၏ ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ် ဓါတ်အားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် BCPG Plc သည် ဗီယက်နမ်နိုင်ငံရှိ လေအား လျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်ခြံနှစ်ခုတွင် ဘတ်ငွေ ၄.၅ ဘီလီယံ တန်ဖိုးရှယ်ယာများကို ဝယ်ယူခြင်းဖြင့် အရှေ့တောင်အာရှတွင် ၎င်း၏လုပ်ငန်းကို တိုးချဲ့လျက်ရှိသည်။ ဗီယက်နမ် အလယ်ပိုင်း Gai Lai ခရိုင်တွင်ရှိသော လေအားလျှပ်စစ်စီမံကိန်းနှစ်ခုစလုံးသည် လာအိုနိုင်ငံရှိ လေအားလျှပ်စစ်စက်ရုံတစ်ခုတွင် ရင်းနှီးမြှုပ်နှံပြီးနောက် ကုမ္ပဏီမ

ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) သည် တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD ကုမ္ပဏီလီမိတက်နှင့် ညှိနှိုင်းမှု၏ နောက်ဆုံးအဆင့်တွင်ရှိနေပြီး နိုင်ငံတော်၌ လျှပ်စစ်ကား (EV) ထုတ်လုပ်ရေးစက်ရုံတည်ထောင်ရန် ဝန်ကြီးချုပ် Hun Manet က ယမန်နေ့က ပြောကြားခဲ့သည်။ ဖနွမ်းပင်တော်ဝင်တက္ကသိုလ် (RUPP) ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဥက္ကဋ္ဌ မစ္စတာ Hun Manet က ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး မိမိတို့အား မည်သည်မျှလုပ်ဆောင်ခြင်း မရှိဟ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ကြက်သွန်နီ ဈေးနှုန်းဆက်လက်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ ဈေးကွက်သို့ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများအပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန် ပိဿာ(၂)သောင်း၊ တစ်ပတ်အတွင်း ပိဿာ(၁)သိန်းခွဲခန့် ဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။