ကုန်သွယ်မှုသတင်းများ
ဂေါ်ဖီထုပ်အနွယ်ဝင်ဖြစ်သော ပန်းမုန်လာ (ဂေါ်ဖီပန်း)ကို ရှမ်းပြည်နယ်တောင်ပေါ်ဒေသများတွင် ဧပြီ၊ မေ၊ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးသော ကုန်စိမ်းသီးနှံဖြစ်ပါသည်။ယခုကာလတွင် မုန်တိုင်းအရှိန်ဖြင့် မိုးများ၍ သီးနှံစိုက်ခင်းများ ရေနစ်ပျက်စီးမှုများကြောင့် ဈေးကွက်၏ ဝယ်လိုအားထက်ဝက်ခန့် အထွက်နှုန်းလျော့ကျသဖြင့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေကြီးနစ်မြုပ်မှုဒဏ်ခံရ၍ ပြန်လည်ပြုပြင်ခဲ့ရသော စိုက်ခင်းများ၊ ရေကြီးကာလအတွင်း နစ်မြုပ်မှုမရှိသောစ
ဂေါ်ဖီထုပ်သီးနှံကို ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသခံတောင်သူများမှ နှစ်စဉ်စီးပွားဖြစ်စိုက်ပျိုးသော ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်ပါသည်။ ဂေါ်ဖီသီးနှံသည် ယခုကာလတွင် ဈေးကွက်ဝယ်လိုအားကောင်းသဖြင့် ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်လျက်ရှိပါသည်။ ဂေါ်ဖီထုပ်များအား ပြည်တွင်းဒေသစုံ ဈေးကွက်သို့ တင်ပို့လျက်ရှိရာ အမြင့်ဈေးရရှိပြီး အရောင်းသွက်လျက်ရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အာလူးကို မြို့နယ်တိုင်းတွင် စိုက်ပျိုးကြသော်လည်း ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အဓိက စိုက်ပျိုးလျက်ရှိပြီး အခြားမြို့နယ်များတွင် အနည်းငယ်စိုက်ပျိုးလျက်ရှိပါသည်။ အာလူးသီးနှံအား တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ပြီး မိုးအာလူး(မတ်မှ ဇွန်)လအထိ၊ ဆောင်း အာလူး(ဩဂုတ်မှ နိုဝင်ဘာ)လအထိ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ဟဲဟိုးဒေသတွင် ရေအာလူး (သို့) နွေအာလူး (ဇန်နဝါရီမှ ဖေဖော်ဝါရီ)လအထိ စိုက်ပျိုးကြပါသည်။ ရှမ်းပြည
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၈၀၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ဖြစ်ပါသည်။ တာချီလိတ်မြို့ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၁၀၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၂၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၂၀၀၀)ကျပ် ဖြစ်သည့်အတွက် ယခင် နိုဝင်ဘာလ တတိယအပတ
ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ် (NBC) နှင့် Korea Deposit Insurance Corporation (KDIC) တို့သည် အာမခံငွေကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အဖွဲ့အစည်းနှစ်ခုအကြားပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်လုပ်ဆောင်ရန် ကတိပြုထားကြောင်းထုတ်ပြန်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံလုံးဆိုင်ရာဘဏ် Sen Sok Building တွင် NBC ၏ အုပ်ချုပ်ရေးမှူး Dr. Chea Serey နှင့် KDIC ဥက္ကဋ္ဌ Dr.
