ကုန်သွယ်မှုသတင်းများ
ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည် ပင်းတယ၊ ကလော၊ ပင်လောင်း စသည့်မြို့နယ်များမှ ဝင်ရောက်လာသည့် ဂေါ်ရခါးသီးများ အရောင်းအဝယ်များနေကြောင်းသိရှိရပါသည်။ ကုန်ပစ္စည်းဝင်ရောက်မှုမှာ များနေပြီး အရောင်းအဝယ်လည်းသွက်လျက်ရှိပါသည်။ ယခင်က ဂေါ်ရခါးသီးကို ဟင်းချက်ပြီး ကြော်စားသည့်အပြင် မုန့်နှစ်များဖြင့် ကြော်၍လည်းစားသုံးကြပါသည်။ ယခုအခါ ဂေါ်ရခါးသီးအရင့်ကို ပြုတ်၍စားသောက်ပါက အသီးမှာစေးပြီး လူကြိုက်များပါသည်။ ဂေါ်ရခါးသီးတစ်လုံးလျှင် ယခင်က (၅၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပ

ပြည်ဈေးကွက်အတွင်း ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရှမ်းပြည်ဒေသမှထွက်ရှိသော ယာကွန်ဥ(ခေါ်)ရေကန်းစွန်းဥများ အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်နေကြောင်းသိရပါသည်။ ယခင်က ယာကွန်ဥတစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုနိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာကို (၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ Online ပေါ်တွင်လည်း ယာကွန်ဥ(ခေါ်)ရေကန်စွန်းဥကို စားသောက်သူများ အများအပြားရှိနေသောကြောင့် အရောင်းအဝယ်သွက်နေကြောင်းလည်းသိရှိရပါသည်။

ပြည်ခရိုင်၊ ပြည်မြို့နယ် ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံရောင်းဝယ်လျက်ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးသီးနှံများအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
မတ်ပဲ

ပြည်ချင်းပွဲရုံများတွင် ယခုအပတ်၌ ချင်းအရောင်းအဝယ်အေးလာပြီး ချင်းဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း ငြိမ်လျက်ရှိနေပါသည်။ ယခင်က ပွဲတော်ရာသီနှင့် ကထိန်အလှူများရှိသဖြင့် အရောင်းအဝယ်ကောင်းလာ၍ ဈေးအနည်းငယ်မြင့်တက်လာပြီး ယခုနိုဝင်ဘာလ၊ နောက်ဆုံးအပတ်မှစပြီး ဓားလှီးချင်း (ဖတ်) လုပ်ငန်းရှင်တို့ရောင်းဝယ်မှုနှင့် လက်လီဈေး ရောင်းဝယ်ရေးသမားတို့ အရောင်းအဝယ်အေးသောကြောင့် ချင်းပွဲရုံသမားများလည်း အရောင်းအဝယ်အေးလာသည်ဟုသိရှိရပါသည်။ ယခုနိုဝင်ဘာလ နောက်ဆုံးပတ်ချင်းဈေးမှာ ပွဲရုံဈေး (၁၅၀၀-၁၈၀၀)က

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူဦးချင်း၏ လယ်ယာမြေ (၀.၂၅)ဧကတွင် သခွားသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်းသိရပါသည်။
