ကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦး တို့သည် မတ်လ ၂၀ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ “ဆု” ဆိတ်သားမီးကင်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈) အရကုန် အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်း ချက်များ နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိ လိုက်နာဆောင်ရွက်နိုင် စေရန်အတွက် အသ

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၌ ဒေသအတွင်းမွေးမြူထားတဲ့ တီလား ဗီးယားငါး အရောင်းအဝယ်ဈေးကွက် မြင့်မားလာနေခြင်းကြောင့် ဒေသအတွင်း စီးပွားရေး အဆင်ပြေနေတယ်လို့လည်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တီလားဗီးယားငါးများကို မတ်လအတွင်း၌ တစ်နေ့လျှင် ပိဿာ ၇၀၀ မှ ၁၅၀၀ အထိ ရန်ကုန်ဈေးကွက်သို့ နေ့စဉ် တင်ပို့ ရောင်းချနေရပါတယ်။ တီလားဗီးယားငါးသည် အရိုးမျှင်လေးများနည်း ပြီး အသားများ ကာ အရသာရှိလှသည့်အတွက် သုံးစွဲသူများ၏ စားသုံးဆန္ဒများအလျှောက် ဈေးကွက် တောင်း ဆိုမှု တိုးတက် လာနေသော ငါးအမျိုးအစာ

ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်းမြို့သည် မြန်မာနိုင်ငံ၏ အုန်းသီး အများဆုံး ထွက်ရှိရာ ဒေသလည်းဖြစ်ပါတယ်။ အုန်းပင်စိုက်ပျိုးခြင်းကို ယခင်က မိသားစုစိုက်ပျိုးရေးအဖြစ် စိုက်ပျိုးနေရာ မှ ယခုဆိုလျှင် အုန်းပင်စိုက်ပျိုးခြင်းသည် မိသားစု ဝင်များ၏ အဓိကဝင်ငွေ ဖြစ်လာ နေပြီဖြစ်ပါတယ်။ ဈေးကွက်လိုအပ်ချက်အရ အုန်းသီးအနုများကို ရန်ကုန် ဈေးကွက် သို့ အဓိကတင်ပို့ရောင်းချနေပြီး ဈေးကွက်လိုအပ်ချက်တက်လာမှုနှင့်အမျှ တင်ပို့မှုများစွာ ဖြစ်ပေါ် နေတယ်လို့ အုန်းပင်စိုက်ပျိုးသော လုပ်ငန်းရှင်များထံမှ သိရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင်ဖီကြမ်းငှက်ပျောစိုက်ပျိုးမှုဟာ တဖြည်းဖြည်းနဲ့ ထင်ရှား လာနေပါတယ်။ မအူပင်ခရိုင်တွင် စိုက်ပျိုးနေသော ငှက်ပျောဧက စုစုပေါင်း ၃,၇၅၀ ဧကရှိပြီး၊ ထွက်ရှိသည့်ငှက်ပျောများကို မြို့နယ်အတွင်းဈေးကွက်များအပြင် ရန်ကုန်မြို့သို့ပါ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ မြန်မာပြည်သူများအတွက် မဖြစ် မနေလိုအပ်သော ဖီကြမ်းငှက်ပျောစိမ်း အမျိုးအစားများကို မအူပင်ခရိုင်တွင် အဓိက စိုက်ပျိုး ကြခြင်းပင် ဖြစ်ပါတယ်။ ငှက်ပျောအား မစိုက်ပျိုးခင်(၂)လကြိုတင်၍ စ

လယ်ယာထဲက အားထုတ်မှုနဲ့ စျေးကွက်ထဲက အားပေးမှုတို့ပေါင်းစည်းမှ၊ စီးပွားရေး ကောင်းမွန်မှုဟာ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ တောင်သူများရဲ့ လက်များက မြေဆီလွှာကို ထိတွေ့နေချိန်မှာပဲ ဝယ်သူတွေရဲ့ လက်တွေကအရသာကိုထိတွေ့နေပါတယ် ဒါကပဲ စီးပွားရေး ခေါ်သံရဲ့ တစ်ဖက်ခြမ်းလို့ ခေါ်ဆိုနိုင်ပါတယ်။ "တစ်ဖက်က စိုက်တယ်၊ တစ်ဖက်က ဝယ်တယ်။ တစ်ဖက်က အားပေးတယ်၊ တစ်ဖက်က အခွင့်အလမ်းဖန်တီးတယ်။” ဆိုတဲ့စကားအတိုင်းပင် ကျောင်းကုန်းမြို့နယ်၏ ခရမ်းသီးစိုက်ပျိုးမှုက စိုက်သူများအတွက်သာမက စျေးကွက်တစ်ခုလုံး အတွက် အဖိုးတန်အခ
