ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှသဘာဝအတိုင်း ဖမ်းယူရရှိသော ဂုံးစိမ်းများ ကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချမှုသည်ယခုနှစ်တွင် သိသာစွာတိုးတက်လာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ခုံးစိမ်းပိဿာချိန် ၅၅,၀၀၀ ခန့်သာရောင်းချနိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလ အတွင်းတွင် တင်ပို့ရောင်းချမှု ပမာဏက ဂုံးစိမ်းပိဿာချိန် ၈၂,၀၀၀ ထိ တိုးတက် လာခဲ့ခြင်းဖြစ်ပါတယ်။ ဂုံးစိမ်းအပေါ် စျေးကွက်တောင်းဆိုမှု တက်လာခြင်းကြောင့် လပွတ္တာ မြို့နယ်ဒေသခံ ရေလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့တွင် အသားစားကြက်မွေးမြူရေးလုပ်ငန်း များလည်း ဆောင်ရွက်ကြပြီး မွေးမြူသော အသားစားကြက်များကို ရန်ကုန်မြို့ရှိ တာမွေ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာစသည့် ဈေးများထံသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ရန်ကုန်မြို့ တွင် လူဦးရေများလာခြင်းနှင့် အသားစားအစားအသောက်လိုအပ်ချက် တိုးလာခြင်း ကြောင့် ဈေး ကွက် အတွင်း၌ တငအသားစားကြက်လိုအပ်ချက်မြင့်မား လျှက် ရှိနေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ ရန်ကုန်မြို့ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း အသားစားကြက် ပိ

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ရှိ လယ်ယာထွက်ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအနေနှင့် အရေးကြီးသော တိုးတက်မှုတစ်ခုအဖြစ် ဖူးစားပြောင်း တင်ပို့ရောင်းချမှု တိုးမြှင့်လာတာကို တွေ့ရှိရပါတယ်။ ငပုတောမြို့နယ်ဒေသခံ လယ်ယာထွက် ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တို့၏ ထုတ်ဖော်ပြောကြား ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖူးစားပြောင်း အဖူးရေ အများအပြားကို တင်ပို့ရောင်းချနိုင်ခဲ့ တယ်လို့ သိရှိရပါတယ်။ စစ်တမ်းအရ ဇန်နဝါရီလအတွင်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်မှ စိုက်ပျိုးထွက်ရှိသည့် စပါးများအား ရန်ကုန်ဈေးကွက် သို့ တင်ပို့ရောင်းချလျှက်ရှိရာတွင် ကျားပျံစပါးအမျိုးအစားမှာ အများဆုံး တင်ပို့ရောင်းချနေရသော စပါးအမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေသခံ ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် တို့၏ ပြောပြချက်အရ ရန်ကုန်ဈေးကွက်တွင် ကျားပျံစပါး ဝယ်ယူလိုအား မြင့်တက်နေသည့်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ကျားပျံစပါး အမျိုးအစားတင်းရေ ၅၅၀၀၀ ထိသာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့

နယူးဇီလန်နိုင်ငံ၏ နောက်ထပ် အဓိကသတ္တုတူးဖော်ရေး လုပ်ငန်းသည် ၂၀၂၆ ခုနှစ်တွင် စီးပွားဖြစ် ထုတ်လုပ်မှုကို စတင်ရန် ရည်မှန်းထားပြီး ၂၀၃၅ ခုနှစ်တွင် အစိုးရ၏ ဓာတ်သတ္တု တင်ပို့မှုမှ ဝင်ငွေနှစ်ဆတိုးလာစေရန် ရည်မှန်းထားသည်။ အဆိုပါလုပ်ငန်းသည် အလုပ်အကိုင် ပေါင်း ၂၅၀ ဖန်တီးပေးမည်ဖြစ်ပြီး ရည်မှန်းချက်ပြည့်မှီရန်အတွက် နယူးဇီလန်ဒေါ်လာ သန်း ၃၅၀ အားထောက်ပံ့ သွားမည်ဖြစ်ကြောင်း အရင်းအမြစ်ဝန်ကြီး Shane Jones က တနင်္လာနေ့ တွင်ပြောကြားခဲ့သည်။ တောင်ပိုင်းကျွန်း Reefton ရှိ Snowy River မြ
