ကုန်သွယ်မှုသတင်းများ
မကျည်းတောပဲမြစ်ကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် မကျည်းတောကျေးရွာမှ မကျည်းတောပဲမြစ်အား ဘိုးဘွားဘီဘင်အဆက်ဆက်မှသည် ယနေ့တိုင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးခဲ့ကြသည်။ ၎င်းရွာမှထွက်သောပဲမြစ်များသည် အခြားဒေသများမှထွက်သော ပဲမြစ်များထက် အရွယ်အစားသေးပြီး အရသာမှာဆိမ့်၍ စေးပိုင်နေသောကြောင့် ဆောင်းရာသီ ပဲမြစ်ပေါ်ချိန်တွင် မကျည်းတောပဲမြစ်မှာ လူကြိုက်များသော အစားအစာတစ်မျိုးဖြစ်ပြီး၊ ပဲမြစ်မျိုးအနေဖြင့် ဝက်ဝံမျိုး၊မလှိုင်မျိုးများကို အများဆုံးစိုက်ပျိုးကြသည်ဟု သိရှိရပြီး၊

ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Hun Manet သည် Hong Leong Manufacturing Group ၏ ဥက္ကဋ္ဌ Datuk Kwek Leng San ကို ၂၈-၁၁-၂၀၂၄ ရက်နေ့တွင် ငြိမ်းချမ်းရေး နန်းတော်၍ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ တွေ့ဆုံစဉ် Datuk Kwek Leng San က ဘဏ္ဍာရေး၊ အိမ်ခြံမြေ၊ ထုတ်လုပ်မှုနှင့် နည်းပညာဆိုင်ရာ ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ကမ္ဘောဒီးယားတွင်ကုမ္ပဏီသည် ဘဏ်လုပ်ငန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြောင်း၊ နိုင်ငံအတွင်းဆယ်စုနှစ်တစ်ခုကျော် လည်ပတ်ဆောင်ရွက

ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန (MPWT) ၏ ၂၈-၁၁-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံတွင်လျှပ်စစ်ကား ၂,၅၁၃ စီး မှတ်ပုံတင်ထားကြောင်း သိရသည်။ ဖနွမ်းပင်မြို့ရှိ MPWT တွင် ကျင်းပပြုလုပ်သော EVs ပြပွဲတွင် ပြည်သူ့ လုပ်ငန်းနှင့်သယ်ယူပို့ဆောင်ရေးဝန်ကြီး Peng Ponea က လျှပ်စစ်ကားများအသုံးပြုခြင်းသည် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးခြင်း သို့မဟုတ် လုံးဝမရှိခြင်းတို့ကြောင့် လောင်စာဆီကုန်ကျ စရိတ်သက်သာစေကြောင်း ပြောကြားခဲ့သည်။ EV များသည် ကမ္ဘောဒီးယားန

EVs နှင့် EV Showcase များစီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအမျိုးသားမဟာဗျူဟာ ဥပဒေရေးဆွဲရေးဆိုင်ရာ နည်းပညာကော်မတီ တတိယအကြိမ်မြောက်အစည်းအဝေးတွင် လျှပ်စစ်မော်တော်ကား (EV) ကဏ္ဍကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အများပြည်သူ သက်သာချောင်ချိရေးမြှင့်တင်ပေးရုံသာမက စီးပွားရေးကွဲပြားမှုနှင့် စွမ်းအင်လုံခြုံရေးမြှင့်တင်မှုတို့တွင် ပံ့ပိုးပေးနိုင်သည့် အလားအလာတစ်ခုအဖြစ် ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Peng Ponea မှ သတ်မှတ်ပြောကြားခဲ့သည်။ ဝန်

ဗီယက်နမ်နိုင်ငံ Can Tho မြို့တော်ရှိစက်မှုနှင့်ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ Hyunh Thanh Su သည် China Energy Engineering Group Co..,Ltd (CEEC) ၏အဖွဲ့ဝင်ဖြစ်သည့် China Gezhouba Group Corporation(CGGC) မှ တာဝန်ရှိသူများနှင့် မဲခေါင်ဒေသခံများအတွက် စွန့်ပစ်ပစ္စည်းမှစွမ်းအင်ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းချက်အတွက် ဆွေးနွေးမှုကို နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ CGGC ၏ညွှန်ကြားရေးမှူးဖြစ်
