မင်းဘူးမြို့၊ မြို့မဈေး၌ သခွာသီးများစတင်ဝင်ရောက်အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်း ကျေးရွာ၊ ရေမြက်၊ ရေတွင်းကုန်း၊ ရွာသာ၊ ကြာကန်၊ လေးအိမ်တန်းနှင့် လက်ပံတောကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသည့် သခွာသီးများ နိုဝင်ဘာလ(တတိယပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် သခွာသီး()တောင့်လျှင် ကျပ်(၁၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရလျက် ရှိသည့်အပြင် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)