
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မြို့ပတ်ဝန်းကျင်ရှိ ကျောက်တန်း ကျေးရွာ၊ ရေမြက်၊ ရေတွင်းကုန်း၊ ရွာသာ၊ ကြာကန်၊ လေးအိမ်တန်းနှင့် လက်ပံတောကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသည့် သခွာသီးများ နိုဝင်ဘာလ(တတိယပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် သခွာသီး(၁)တောင့်လျှင် ကျပ်(၁၂၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရလျက် ရှိသည့်အပြင် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
