ကုန်သွယ်မှုသတင်းများ
ကျောက်ဆည်ခရိုင်အတွင်း ပဲစဉ်းငုံသီးနှံအား နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်တွင်လည်း (၁၇၃၉)ဧကစိုက်ပျိုးခဲ့ကြောင်း၊ သက်ဆိုင်ရာ ခရိုင်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အများဆုံးစိုက်ပျိုးခဲ့ပြီး ထွက်ပေါ်ချိန်တွင် ပဲစဉ်းငုံဈေးနှုန်း တစ်တင်းလျှင်(၉၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးမှာ တစ်တင်းလျှင် (၉၂၀၀၀)ကျပ်ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၊ က

စားသုံးသူရေးရာဦးစီးဌာန၊ ရေးမြို့နယ်တာဝန်ခံ ဒုဦးစီးမှူး ဒေါ်အိဖြိုးသည် ၂၁.၃.၂၀၂၅ ရက်နေ့တွင် ရေးမြို့နယ်အတွင်း အဘော်ကျေးရွာနှင့် အစင်စံပြကျေးရွာကြားရှိ ကျားတန်း ကွက်သစ်နေ လုပ်ငန်းရှင် ဒေါ်အေးသော်မိသားစုမှ အသင့်စားငါးနှပ်ခြောက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကွမ်းသီးခြံလုပ်ကိုင်သူ ဥယျာဉ်ခြံလုပ်သားများပြားသဖြင့် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များလည်း အဝယ်ဒိုင်ဖွင့်လှစ်၍ ဝယ်ယူလျက်ရှိကြပါသည်။ ယခင်နှစ်တွင် ကွမ်းသီးလုံးခြောက် တစ်ပိဿာလျှင် အများဆုံး ၈၀၀၀ ကျပ်ခန့်ရှိပြီး တရုတ် ပြည်မှ ကိုယ်စားလှယ်များ ကွမ်းသီးနုများကို ဈေးကောင်းပေးဝယ်ယူမှုကြောင့် ယခုနှစ်တွင် ကွမ်းသီးအထွက်နှုန်းလျော့ကျသွားခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ပျားရည်ပေါ်ချိန်ဖြစ်သော တန်ဆောင်းမုန်း၊ နတ်တော် လများ၌ ပျားဖွတ်သူများနည်းပါး၍ ပျားရည်ရှားပါးသောကြောင့် ပျားရည်ဈေးမှာတစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ဈေးရှိကြောင်း၊ ယခင်နှစ်ယခုလိုချိန်ခါများ၌ ဖြစ်ပေါ်ခဲ့သောပျားရည်ဈေးမှာ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်ဝန်းကျင်သာရှိခဲ့ကြောင်း သိရသည်။ ရှေးလူကြီးသူမများအဆိုအရ ပျားရည်ပေါ်ချိန် ပျားရည်ဈေးမှာ ပဲဆီ၊ နှမ်းဆီဈေးများနှင့်တူညီကြောင်း မှတ်သားသိရှိရသော်လည်း ယခုအချိန်အခါတွင် ပဲဆီ၊ နှမ်းဆီဈေးမှာ တစ်ပိဿာလျှ

မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဦးဆောင်၍ စစ်ဆေးရေးအရာရှိ များသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်(၂၂-၃-၂၀၂၅) ရက်နေ့နံနက် (၀၉:၃၀) အချိန်တွင် ငရုတ်ကြော်လုပ်ငန်း များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
