ဈေးနှုန်းမြင့်တက်လာသောနံနံပင်

Powered by Drupal

            မြင်းခြံမြို့၊အေးမြသီတာဈေး၌ ရောင်းချနေသော နံနံရွက်များကို ပြင်ဦးလွင်မြို့တို့မှ တင်သွင်းရောင်းချကြောင်း၊၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ နံနံပင် (၁၀) ကျပ်သားလျှင် (၄၀၀၀) ကျပ်၊ တစ်ပိဿာ လျှင်(၃၈၀၀၀) ကျပ်ခန့်ပေါက်ဈေးများ ဖြင့်ရောင်းချလျက်ရှိကြောင်း၊ နံနံပင်များ ဈေးကွက်အနေဖြင့် ဒေသတွင်းစားသုံးရန်နှင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုပြီး အစာအဆိပ်သင့်ခြင်း ကိုလည်းကာကွယ်ကြောင်း၊ နံနံပင်ကိုအစာအိမ် မကောင်းခြင်း၊ အစား အသောက်ပျက်ခြင်း၊အူကျခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျောခြင်း၊ ‌ဗိုက်ရစ်နာခြင်း၊ လေပွခြင်း ရောဂါများကို သက်သာကြောင်းနှင့် အစာလည်းဆေးအဖြစ် ချက်ပြုပ်ရာတွင်အသုံးပြုကြောင်း၊ အရောင်းအဝယ်သွက်လျက်ရှိပြီး နံနံပင် ရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။ ယခုနှစ်တွင် ဒေသတွင်း နံနံပင်များစိုက်ပျိုးချိန်၌ မိုးများသောကြောင့် စိုက်ပျိုးထွက်ရှိချိန် နောက်ကျ၍ ဈေးမြင့်တက်ခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးထားရှိသော ကျေးရွာများမှာ မြင်းခြံမြို့ အတွင်းရှိ နဘူးအိုင်ကျေးရွာ၊  ဒါးကျွန်းကျေးရွာနှင့် တလုပ်ကျေး ရွာများတွင် စိုက်ပျိုးထားသော နံနံပင်များထွက်ရှိပါက ဈေးနှုန်းများကျဆင်း လာနိုင်ကြောင်း  တောင်သူများ ၏ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)