ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌  မိုးသီးနှံစိုက်ပျိုးရာတွင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံမျိုးစုံစိုက်ပျိုးကြရာ ပဲစဉ်ငုံသီးနှံကိုလည်း အများဆုံးစိုက်ပျိုးကြကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

       ကျွန်းလှမြို့နယ်တွင် ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုးကြောင်း ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်း လျှင်(၇၁၅၀၀)ကျပ် ၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၆၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုနိုဝင်ဘာလပတ်အတွင်း ပဲစဉ်းငုံ(၁)တင်းလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ထွက်ရှိသည့် ပဲစဉ်းငုံများကို ရွှေဘိုမြို့ရှိပွဲရုံများ၊ မန္တလေးမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်း ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)