ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Mar 2025

လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေးသည် ဖိအားတွေကြားမှာ လှုပ်ရှားနေရသည့်အတွက် တချို့ဒေသတွေမှာ စီးပွားရေးတည်ငြိမ်မှုတွေ မရှိသေးတာကြောင့် ငွေရေးကြေးရေးအုပ်ချုပ်ရေး အဖွဲ့ အစည်းတွေဟာတုန့်ပြန်မှုတွေ ပြုလုပ်နေကြရပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ဥရောပ ဒေသတွေမှာ အတိုးနှုန်းလျော့ချနိုင်ခြေများလာနေတာဟာ ဈေးကွက်တွေမှာ စိတ်ဝင်စားစရာ ဖြစ်လာနေပါတယ်။

25 Mar 2025

အာရှ၏အကြီးဆုံးစီးပွားရေးနိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ယခု အချိန်တွင် စီးပွားရေးတိုးတက်ရေးအတွက် အရေးကြီးဆုံးအဆင့်များကို တစ်ဆင့်ခြား လုပ်ဆောင်လာ နေပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း တရုတ်စီးပွားရေးသည် အနည်းငယ်ရော့ရွဲလာဖြင့် အစိုးရသည် ထောက်ပံ့ရေးမူဝါဒများကို အိမ်ခြံမြေလုပ်ငန်း နှင့် ပို့ကုန်လုပ်ငန်း ကဏ္ဍများအပေါ် ပိုမိုအာရုံစိုက်၍ ဆောင်ရွက် လျက်ရှိတာကိုလည်း တွေ့လာရပါတယ်။

25 Mar 2025

           အမေရိကန်နိုင်ငံတွင် လက်ရှိအခြေအနေအရ စီးပွားရေးတင်းမာလာမှုများ ပေါ်ပေါက်နေပြီး၊ ၎င်းအခြေအနေကို ဖြစ်ပေါ်စေသောအဓိကအကြောင်းအရင်းမှာ အမေရိကန်ငွေကြေးစီမံရေးအဖွဲ့ (Federal Reserve – Fed) မှ ဘဏ်အတိုးနှုန်းများကိုမြှင့်တင်လိုက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အတိုးနှုန်း မြင့်မားလာခြင်းကြောင့် ဘဏ်မှချေးငွေရယူသူများ နည်းပါးလာခြင်း၊ ဘဏ်ချေးငွေကြောင့် ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲမှု လျော့နည်းလာခြင်း၊ ရင်းနှီးမြုပ်နှံမှု နှင့် စီးပွားရေးလုပ်ငန်းများ စတင်ခြင်း တို့အာ

25 Mar 2025

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် လတ်တလောအချိန်အတွင်း ပဲလွမ်းဖြူအရောင်းအဝယ်လုပ်ငန်းများ သွက်လာပါတယ်။ မတ်လဒုတိယပတ်မှ စတင်ကာ မတ်လ ၂၁ ရက်အထိ ပဲလွမ်းဖြူဈေးကွက်အတွင်း ဝယ်ယူမှုတိုးလာမှုကြောင့် အရောင်းအဝယ်လုပ်ငန်း ကောင်း လာတာကို တွေ့ရပါတယ်။ လက်ရှိတွင် ဒေသအတွင်း ပဲလွမ်းဖြူအသစ်များမှာ မထွက်ရှိသေးသော် လည်း ယခင်သိမ်းဆည်းထားသော ဆောင်းသီးနှံ ပဲလွမ်းဖြူများကို အဓိကအရောင်း အဝယ် လုပ်ကိုင် နေခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းအနေဖြင့် ပဲလွမ်းဖြူ ၂၄ ပြည်ဝင် တစ်အိတ်သည် ယခုအချိန်တ

25 Mar 2025

            မြေပဲသီးနှံကို စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ များတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလ များတွင်ထွက်ရှိသည့်အတွက် ယခုအချိန်သည် မြေပဲသီးနှံထွက်ရှိသည့် ကာလဖြစ်ပါသည်။ စိုက်ပျိုးရာသီအနေဖြင့် မိုးနှင့် ဆောင်းရာသီများတွင် စိုက်ပျိုးကြလေ့ရှိသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းမြေပဲကိုသာ အစိုက်များကြောင်း သိရှိရပါသည်။

Pages