ကုန်သွယ်မှုသတင်းများ
မုန်ညင်းထုပ်သည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အာရှတိုက် တစ်ဝန်းလုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင်လည်း ဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ ဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း သင့်တင့်သောရာသီဥတုရှိသည့် ရှမ်းပြည်နယ်၌ ပိုမိုဖြစ်ထွန်း သည်။ တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သောသီးနှံတစ်မျိုး ဖြစ်သည့်အတွက် စိုက်ပျိုးသူတောင်သူ များအနေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချနိုင်ပြီး ဝင်ငွေကောင်းသော သီ

ထားဝယ်မြို့ရှိ ကျေးရွာများနှင့်အခြားမြို့နယ်များရှိ ကျေးရွာများတွင် ပန်းဂေါ်ဖီများအား တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မိသားစုဝင်ငွေများ အများအပြားရရှိနေပါသည်။ အရွယ်ရောက်၍ ရောင်းပန်းဝင်လာသော ပန်းဂေါ်ဖီပွင့်များကို ထားဝယ်မြို့ ကမ်းနားပျံကျဈေး၊ စည်ပင်သာယာဈေး ကြီးနှင့် ရပ်ကွက်ဈေးငယ်များတွင် သွားရောက်ရောင်းချကြပါသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ၂၁.၃.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းသည် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကိုလည်း ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ယခုနွေဦးရာသီတွင် ခရမ်းချဉ်သီးများ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထားသည့် နိုင်ငံဖြစ်သည့်အလျောက် ကျောက်ဆည်၊ တံတားဦး၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ငါန်းဇွန်မြို့တို့တွင် ဆောင်းရာသီ သီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်းနှင့်နေကြာတို့ကို ရိတ်သိမ်းပြီးကြပြီး စားသုံးရန်အတွက် ဆီများကို ကြိတ်ခွဲကြသည်။ ပိုလျှံသည့် မြေပဲ၊ နေကြာနှင့် နှမ်းတို့ကို မန္တလေးမြို့ ပွဲရုံများသို့ တင်ပို့ရောင်းချကြသည်။ နှမ်း များကို ကြိတ်ခွဲရာတွင် တစ်တင်းလျှင်ဆီ(၇/၈)ပိဿာနှင့် နှမ်းဖတ်(၇)ပိဿာ၊ မြေပဲဆံတစ်တင်း ကြိတ်လျှင်ဆီ(၈) ပိဿာနှင့် မြေပဲဖ
