ကုန်သွယ်မှုသတင်းများ
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က ၂၀-၃-၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော အထူးအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံနှင့်တရုတ်နိုင်ငံတို့ကြား လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (FTA) ကို ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယားနှင့် တရုတ်တို့ကြား ကုန်စည် နှင့်ဝန်ဆောင်မှုများဆိုင်ရာ ကုန်သွယ်မှုဆိုင်ရာ FTA ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့သည်။ "သဘောတူညီချက်အရ တရုတ်နိုင်ငံသည် ၎င်း၏ စည်းကြပ်ခွန်၏ ၉၇.၃ ရာခိုင်နှုန်းကို ၂၀၄၁ ခုနှစ်တွင် ဖယ်ရှားရန် ကတိပြုထားပြီး၊ ကမ္ဘောဒီးယ

မုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးရုံသာမက အစိမ်းသုပ်၍လည်း စားသုံးကြပါသည်။ မုန်လာဥပေါ်ချိန်တွင် မိမိကြိုက်နှစ်သည့်အတိုင်း လှီးဖြတ်၍ မိနစ်(၂၀)ခန့်ပေါင်း ပြီး ဆီအနည်းငယ်သုတ်ကာ နေတစ်ရက်၊ နှစ်ရက်ပြ၍ မုန်လာဉများခြောက်သွားသောအခါ လေလုံ အောင်ပိတ်ထား၍ သိမ်းဆည်းပြီး မုန်လာဥဖြူခြောက်ပြုလုပ်၍လည်း စားသုံးကြပါသည်။ မုန်လာဥ ဖြူကို အဆာပြေသားရေစာအဖြစ်လည်း မုန်လာဥအော်ကွေ့ကြည် လုပ်၍လည်းစားသုံးကြပါသည်။ ထားဝယ်မြို့တွင် မုန်လာဥဖြူတစ်စီးလျှင်(၃၀၀၀)ကျပ်ရှိကြောင်း စျေးရောင

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပုလောမြို့နယ် ခန္တီရွာ၊ ရှပ်ပုံရွာများတွင် ရှပ်အခြောက် အများဆုံးထွက်ရှိပါသည်။ ယခုနှစ်မှာ ရေးမြို့နယ်ဘက်မှအဝင်နဲပြီး ပုလောဘက်မှ အဝင်အများဆုံး ဖြစ်သည်။ အစိမ်းခြောက်ဟုခေါ်သော အကောင်ကြီးအပြား ရှပ်ခြောက် (၁)ပိဿာလျှင် (၇၅၀၀၀) ကျပ် ၁ဗူးစျေးနှုန်းမှာ (၄၀၀၀)ကျပ်နှင့် အပြုတ်ခြောက်ဟုခေါ်သော အကောင်ငယ်အလုံး ရှပ်ခြောက် (၁)ပိဿာလျှင်(၅၀၀၀၀)ကျပ် ၁ဗူးစျေးနှုန်းမှာ (၄၀၀၀)ကျပ် ရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည် သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့်ကမ်းနားပျံကျစျေးများ တွင် ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။

ကန်စွန်းဥကို မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကန်စွန်းဥတွင် အမျိုးပေါင်းများစွာရှိပြီး ကန်စွန်းဥအရောင်ပေါ်မူတည်၍ အမျိုးအစားခွဲခြားကြသည်။ ကန်စွန်းဥ ကို သဲမြေ၊ သဲနုန်းနှင့် နုန်းမြေများပေါ်တွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ကန်စွန်းဥကို မိုးရာသီ တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် အညွှန့်ကိုယူ၍ စိုက်ပျိုးကြသည်။ တစ်တန်းနှင့် တစ် တန်း(၂)ပေကွာ၍ တစ်ပင်နှင့်တစ်ပင် (၁)ပေခြား စိုက်ပျိုးကြသည်။ ကန်စွန်းဥကို စျေးကောင်း လျှင် မရင့်မီအရွယ်ရောက်ဥများကို တူးဖ
