ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကုန်စည်စီးဆင်းမှု အခြေအနေ

Powered by Drupal

       ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသထွက် ကုန်ပစ္စည်းများ စိုက်ပျိုးရေးထွက်ကုန်များအား အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ နေ့စဉ် တင်ပို့ရောင်းချလျက်ရှိရာ အများဆုံးတင်ပို့သည့် ကုန်ပစ္စည်းများမှာ အစေ့ထုတ်ပြောင်း၊ ပဲစင်းငုံ၊ ပဲပုတ်၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် စားဖိုဆောင်သီးနှံများ၊ လက်ဖက်ခြောက်၊ လက်ဖက်စို၊ မွေးမြူရေးထုတ်ကုန်ဖြစ်သော ကြက်၊ဝက်နှင့် ကြက်ဉများဖြစ်ကြောင်း သိရှိရပါသည်။

          (၁၅-၁၁-၂၀၂၅) ရက်နေ့မှ (၂၁-၁၁-၂၀၂၅) ရက်နေ့ထိ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အခြား တိုင်းဒေသကြီး/ ပြည်နယ်များသို့ အစေ့ထုတ်ပြောင်း (၂၁၅၂၄)တန်၊ ပဲစဉ်းငုံ (၃၅၃)တန်၊ ပဲပုတ်(၂၅၉) တန်၊ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ၊ အာလူးနှင့်ဂျင်း (၈၉၂)တန်၊ လက်ဖက်ခြောက်(၁၄၉)တန်၊ မွေးမြူရေးထုတ်ကုန်ဖြစ်သော ကြက်၊ဝက် (၇၀)တန် တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ရှမ်း)