ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ဟင်းသီးဟင်းရွက်များကို အများအပြားစိုက်ပျိုးကြ သော်လည်း ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ကြသော တောင်သူများသည် ဆေးဖက်ဝင်ပြီး ကျန်းမာရေးအရ ကောင်းမွန်သော အပင်တစ်မျိုးဖြစ်သည့် ဒန့်သလွန်ပင်ကို စီးပွားဖြစ်စိုက်ပျိုးကာ မိသားစုတစ်ပိုင်တစ်နိုင် စားသုံးရန်နှင့် အပိုဝင်ငွေရရှိရန် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင် ကတွက်သီးပင်များမှာ နေရာအနှံ့အပြားတွင် အလေ့ကျပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပေါက်ရောက်မှုများပါသည်။ ကတွက် ပင်မှသီးသော ကတွက်သီးကို လူအများမှ စားသုံးရန်သိသောသူရှိသကဲ့သို့ မသိသောသူများလည်း ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် ကတွက်ပင်အများဆုံးပေါက်ရောက်သောမြို့မှာ ပြည်မြို့ဖြစ်ပြီး ထွက် ရှိသော ကျေးရွာများမှာ ပျဉ်ပင်ကိုင်း၊ အေးမြသာယာ နှင့် ရွာသစ်ကျေးရွာတို့တွင် အလေ့ကျပေါက် ရောက်ကြပါသည်။ ကတွက်ပင်မှာ နှစ်ရှည်ပင်ဖြစ်ပြီး အမြဲစိမ်းလန

တောင်ငူမြို့ ညောင်ပင်ဈေးရှိ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်နယ်ထွက် စတော်ဘယ်ရီသီးများလည်း လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။
စတော်ဘယ်ရီသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြသည်ဟု သိရှိရပါသည်။ စတော်ဘယ်ရီသီးကို သားရေစာ အဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း အများဆုံး စားသုံးကြပါသည်။

တောင်ငူမြို့ ညောင်ပင်စျေးရှိ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးဘက်မှ ဖရဲသခွားမွှေးများလည်း လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။

အုန်းပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး နေရာဒေသမရွေး စိုက်ပျိုး၍ လွယ်ကူသည့် အပင်မျိုးဖြစ်ရာ တောင်ငူမြို့တွင်လည်း အိမ်ခြံဝင်းများ၌ အုန်းပင်များကို စိုက်ပျိုးကြပါသည်။ အုန်းသီးသည် မြန်မာ့ရိုးရာ မုန့်များတွင် မပါမဖြစ်သကဲ့သို့ မြန်မာ့ရိုးရာကိုးကွယ်သည့် ဘုရားပွဲ၊ နတ်ပွဲများ၊အလှူတော် မင်္လာပွဲများ တွင် အုန်းသီးသည် မပါမဖြစ်သည့် ပွဲတင်သစ်သီးဖြစ်ပါသည်။
