ကုန်သွယ်မှုသတင်းများ
ဖြူးမြို့နယ် ညောင်ကားယာကျေးရွာရှိ တောင်သူလယ်သမားများသည် လယ်ယာလုပ်ငန်း မှ အားလပ်သည့်အချိန်များတွင် ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျှက်ရှိ ပါသည်။ ဝါးခမောက်ပြုလုပ်ရာတွင် အဓိက ကုန်ကြမ်းဖြစ်သော ဝါးဖတ်များကို ရန်ကုန်တိုင်းဒေသ ကြီး တိုက်ကြီးမြို့နယ်မှ မှာယူစုဆောင်းထားရပါသည်။ ဝါးကိုမူ ဖြူးမြို့၌ပင် ဝယ်ယူရရှိနိုင်ပါသည်။

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာ၌ မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိကာ ပန်းဈေးလည်းကောင်းသဖြင့် စီးပွားဖြစ် ပန်းစိုက်တောင်သူများ မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။
ဘိန်းဗျောကျေးရွာမှ ပန်းစိုက်ခင်းများ အောင်မြင်လျှက်ရှိပြီး ယခုနှစ်တွင် ဂန္ဓမာပန်းအပြင် မေမြို့ပန်း ပန်းပင်များကိုပါ စမ်းသပ်စိုက်ပျိုးကြရာ ယခုချိန်၌ လှိုင်လှိုင်ထွက်ရှိပြီးဖြစ်ကြောင်းသိရသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ရာသီမရွေးစိုက်ပျိုး၍ရသော ငရုတ်ပင်များ အောင်မြင်ဖြစ်ထွန်း၍ ငရုတ်စီးပွားဖြစ် စိုက်ပျိုးသူများစျေးကောင်းရရန် မျှော်လင့်လျှက် ရှိကြောင်း သိရသည်။

မန္တလေးမြို့ ပွဲရုံများသို့ ကုလားပဲထွက်ရှိရာဒေသများဖြစ်ကြသည့် မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ မင်းဘူး၊ တောင်တွင်းကြီး၊ မုံရွာတို့တွင် ထွက်ရှိကြသည့်(ကုလားပဲမျိုးစုံများအနက် ကုလားပဲ V2 မှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု များပြားသည့် ပဲမျိုးစုံသာမက ဆီထွက်သီးနှံများ ပြောင်းတို့ကို မန္တလေးမြို့မဟာကထိန်တော် အသင်းကုန်စည်ဒိုင်ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကုလားပဲမျိုးများမှာ ထိုင်ဝမ်၊ 929၊ V2၊ V7 အမျိုးအစားအလိုက်ဈေးနှုန်းများ ကွ

အာလူးသီးနှံသည်အာဟာရတန်ဖိုးမြင့်မားသောကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် အဓိက အစားအစာ အဖြစ်စားသုံးလျှက်ရှိသောသီးနှံတစ်မျိုးဖြစ်ပါသည်။ မြန်မာ့အာလူးစိုက်ဧရိယာ၏ (၇၅) ရာခိုင်နှုန်းကျော်ကို ရှမ်းပြည်နယ်တွင် စိုက်ပျိုးပြီး အာလူးသီးနှံ စိုက်ပျိုးဖြစ်ထွန်းနိုင်သော ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း(ဟင်္သာတ) တို့တွင် စိုက်ပျိုးကြ ကြောင်း သိရသည်။ အာလူးသီးနှံသည် အေး၍ သမရာသီဥတုကိုကြိုက်နှစ်သက်ပြီး ဆည်ရေ၊ ချောင်းရေ၊ မြောင်းရေရရှိသည့်ဒေသများတွင် ဆောင်းရာသီ၌စိုက်ပျိုးကြ
