ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာတွင် ကျောက်ဖရုံပင်များ စိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ကျောက်ဖရုံပင်စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိပြီး စင်တင်စနစ်ဖြင့် အများဆုံး စိုက်ပျိုးကြောင်း ကျောက်ဖရုံပင် စိုက်ပျိုးသူ ဦးမောင်ဝင်း၏ ပြောပြချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက်စိုက်ပျိုးကြကြောင်း ဈေးကွက်အတွင်းလူကြိုက်များပြီး အရောင်းအဝယ်သွက်သည့် မုန့်ညှင်းရွက်များ ရောင်းချလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်းကောင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ ပြုလုပ်ကြကြောင်း သိရသည်။

ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံ ကိုလည်းစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ကိုက်လန်များ ရောင်းချလျက်ရှိကြောင်း၊ ကိုက်လန်ရွက်ကို မြို့ပေါ်ရပ်ကွက်များမှ အဓိကထွက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာတွင်လည်း မိမိတို့ယာကွက်များ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကိုက်လန် ရွက်ကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များစသည့်တို့မှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မတ်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကိုက်လန်ရွက် (၁)စီးလျှင်(၃၀၀)ကျပ်၊ (၂)စီလျှင် ၅၀၀ကျပ်န
