ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုအပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်းဘူးဈေးကွက်အတွင်းရှိ အိမ်ဆောက်ပစ္စည်းဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်း နှင့်လက်ကျန်အခြေအနေများအား အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ်ကွင်းဆင်း လေ့လာ စုံစမ်းတင်ပြပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်ရွာ ဟောင်းကန်၊ သစ်ရာကောက်စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်၊ တောင်တွင်းကြီး၊ မြို့သစ်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲ၊ ကုလားပဲ၊ မြေပဲနှင့် နှမ်းသီးနှံများ မကွေးဈေးကွက်သို့ နေ့စဉ် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မြေပဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးလျက်ရှိကြောင်း၊ ကြောင်လျှာပွင့်ခြောက်သည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်အင်း ကျေးရွာနှင့် အခြားသောကျေးရွာများမှလည်း ဝင်ရောက်ကြောင်း သိရသည်။
