ကုန်သွယ်မှုသတင်းများ
မြေပဲသီးနှံကို စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ များတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလ များတွင်ထွက်ရှိသည့်အတွက် ယခုအချိန်သည် မြေပဲသီးနှံထွက်ရှိသည့် ကာလဖြစ်ပါသည်။ စိုက်ပျိုးရာသီအနေဖြင့် မိုးနှင့် ဆောင်းရာသီများတွင် စိုက်ပျိုးကြလေ့ရှိသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းမြေပဲကိုသာ အစိုက်များကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ ထွက်ရှိသော ကွမ်းသီးခြောက်များကို ရန်ကုန် ဈေးကွက်သို့ တင်ပို့ရောင်းချမှုများ တိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် ကွမ်းသီးခြောက်ပိဿာချိန် ၇၅၀၀၀ ထိ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခင် ဇန်နဝါရီလအတွင်း၌ တင်ပို့ရောင်းချမှုမှာ ပိဿာ ၆၅၀၀၀ သာရှိခဲ့သဖြင့် တင်ပို့ပမာဏမှာ တစ်လ အတွင်းအနေဖြင့် သိသာစွာ တိုးတက်လာသည်ကိုလည်းတွေ့နိုင်ပါတယ်။ ဈေးကွက်သို့ တင်ပို့ ထား သော ကွမ်းသီးခြောက်များသည် အရည်အသွေးကောင်းမွန

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးတန်ပိဿာချိန် ၇၄,၀၀၀ ထိ တင်ပို့၍ ရောင်းချ နိုင်ခဲ့ကြောင်းသိရှိရပြီး အဆိုပါရောင်းချနိုင်မှုသည် မြန်မာနိုင်ငံ၏ ရေထွက်ကုန်ထွက်ရှိမှု တိုးတက် လာခြင်း နှင့်အတူ စီးပွားရေးကဏ္ဍအတွင်း ရေထွက်ကုန်များအတွက် စျေးကွက်တိုးချဲ့မှုသည် အရေးပါ ကြောင်း ထင်ရှားစွာ ပြသနေပါတယ်။ ဤအောင်မြင်မှုသည် နိုင်ငံအတွင်း ရေထွက်ကုန်လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်တွင်းဈေးကွက်တွင် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှုကိုလည်း ပြသ နိုင်ခြင်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ကုလားပဲအရောင်းအဝယ် လှုပ်ရှားမှု ကောင်းမွန်လာနေသည်ဟု သိရှိရပါတယ်။ ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်အရ၊ ပြည်တွင်း၌ ပဲစားသုံးမှုအားကောင်းလာတာကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်မှစ၍ ပဲအဝယ်အရောင်းလုပ်ငန်းက ကောင်းလာတယ်လို့လည်း သိရှိရပါတယ်။ လက်ရှိ အရောင်းအဝယ်လုပ်နေသော ကုလားပဲများသည် လက်ကျန်ပဲအဟောင်းများဖြစ်သော်လည်း ဈေးကွက် ထဲမှာ လိုအပ်ချက်ရှိနေတာကြောင့် ကုလားပဲဟာ စျေးကောင်းရနေပါတယ်။ ယခုလို အခ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ရှိ ပင်လယ်ငါးခြောက် လုပ်ငန်းများတွင် ယခုကာလ အတွင်းဝယ်လိုအား တိုးလာမှုကြောင့် အရောင်းအဝယ်လုပ်ငန်း ကောင်းမွန်နေသည်ဟု သိရပါတယ်။ ရန်ကုန်ဈေးကွက်မှ အဓိကဝယ်ယူမှု တက်လာခြင်းကြောင့် ပင်လယ်ငါးခြောက် မျိုးစုံအရောင်းအဝယ် တိုးလာနေပြီး၊ တစ်ရက်လျှင် ပိဿာ ၅၀၀ မှ ၂၅၀၀ အထိ အရောင်းအဝယ် ဖြစ်ပွားနေသည်ဟု ငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်သူများထံမှ သိရှိရပါတယ်။
