ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Mar 2025

            ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သည် မိုးသီးနှံ၊ စပါး၊ ဆောင်းသီးနှံ ပဲမျိုးစုံ ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် အခြားသီးနှံအများအပြား စိုက်ပျိုးသောမြို့နယ်ဖြစ်ပါ သည်။ ထိုသီးနှံများကို လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးကြပါသည်။ ထိုသီးနှံများထဲမှ နှုန်းတင်မြေနူ (ကိုင်းမြေ)တွင် စိုက်ပျိုးသော အစေ့ထုတ်ပြောင်း၏လက်ရှိစိုက်ပျိုး ထားမှုအခြေအနေ ၊ တစ်ဧက ကုန်ကျစရိတ်ထွက်ရှိလာတော့မည့် သီးနှံအပေါ်ကြိုတင်ဝယ်ယူမှုများ အရ ၂၀၂၄-၂၀၂

25 Mar 2025

           မြန်မာလူမျိုးတို့သည် သပြေပန်းကို အခြားသောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေပန်းသည် ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိကြောင်း၊ ယခုအခါတွင် သပြေပန်းပင်များကို ခြံဖွဲ့၍စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိကြောင်း  ပန်းရောင်းချသူများထံမှ သိရသည်။

25 Mar 2025

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများအပြင် အခြားသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

25 Mar 2025

            မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင်၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များသည်။ မေမြို့ပန်းသည် မြန်မာ့ဓလေ့ထုံးတမ်းများတွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိကြောင်း၊ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ပူဇော်ခြင်း၊ အိမ်တွင်းအလှဆင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

25 Mar 2025

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

Pages