ကုန်သွယ်မှုသတင်းများ
အစေ့ထုတ်ပြောင်းများကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများအပြား စိုက်ပျိုးလျက် ရှိပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၄-၂၀၂၅ စိုက်ဧကမှာ(၁၀၀၉၉၇၀) စိုက်ဧကရှိပါသည်။ ရေရရှိသော နေ ရာများတွင်စိုက်ပျိုးသော အစေ့ထုတ်ပြောင်းများသည် စက်တင်ဘာလတွင် စတင်ထွက်ရှိပြီး မိုးရေကို အားထား၍ စိုက်ပျိုးသော အစေ့ထုတ်ပြောင်းများကို နိုဝင်ဘာလတွင် စတင် ထွက်ပေါ် လေ့ရှိပါသည်။ ယခုနှစ်တွင် အစေ့ထုတ်ပြောင်း စတင်ထွက်ပေါ်ချိန်တွင်

တောင်ငူမြို့ ညောင်ပင်ဈေးသို့ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်နယ်ထွက် ကန်စွန်းဥနှင့် ပဲမြစ်များလည်း လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။
ပဲမြစ်ကို ပြုတ်၍ ဆီဆမ်းပြီး သားရေစာအဖြစ် စားသုံးခြင်းကို အများက နှစ်ခြိုက်ကြပါသည်။ ပဲမြစ်အကြီး၊ အသေး ပေါ်မူတည်၍ (၁)ပိဿာလျှင် ၅၀၀၀ ကျပ် မှ ၆၀၀၀ ကျပ်အထိ ရောင်းချကြောင်း ဈေးသည်များထံမှ သိရပါသည်။

တောင်ငူမြို့အနီးတဝိုက်ကျေးရွာများရှိ စိုက်ပျိုးရေးလုပ်ကိုင်သော ရွာအများစုသည် သခွား၊ ပြောင်း၊ ဘူးသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် ၊ ပဲအမျိုးမျိုး နှင့် ရာသီအလိုက်သီးနှံများကို စိုက်ပျိုးကြပါသည်။ ထို့အပြင် ငရုတ်ကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြပါသည်။

တောင်ငူမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ကြံ့နှစ်ကောင်(အနီ) အမှတ်တံဆိပ် ဘိလပ်မြေမှာ ဖေဖော်ဝါရီလက တစ်အိတ်လျှင် ၂၆၀၀၀/-ကျပ်ရှိရာမှ မတ်လတွင် တစ်အိတ်လျှင် ၁၇၀၀၀/- ကျပ်ဖြစ်ပြီး တစ်အိတ်လျှင် (၉၀၀၀/-)ကျပ်အထိဈေးနှုန်း ကျဆင်းပါသည်။
Alpha နှင့် Apache အမှတ်တံဆိပ်ဘိလပ်မြေများမှာ ဖေဖော်ဝါရီလက တစ်အိတ်လျှင် ၂၃၀၀၀/-ကျပ်ရှိရာမှ မတ်လအတွင်း ၁၆၅၀၀/-ကျပ်ဖြစ်ပြီး တစ်အိတ်လျှင် (၆၅၀၀/-)ကျပ် ဈေးနှုန်းကျသွား ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြံကြိတ်ရာသီ ကုန်ဆုံးတော့မည်ဖြစ်၍ ယခင်လများက ရွှေညောင်မြို့နယ်ရှိ မြဘုရင်သကြားစက်ရုံမှ စက်ရုံအရောက် ကြံတစ်တန်လျှင် ( ၂၀၀၀၀၀/-)နှုန်းဖြင့် ဝယ်ယူခဲ့ပြီး ယခုလတွင်တော့ ကြံဝယ်ယူမှုကို ရပ်နားလိုက်ပြီဖြစ်ကြောင်းနှင့် ဒေသတွင်း တစ်ပိုင်တစ်နိုင် စက်ရုံငယ်များမှာတော့ ကြံလက်ကျန်များအား တစ်တန်လျှင် (၁၅၀၀၀၀/- မှ ၁၈၀၀၀၀/-)ဈေးဖြင့် ဝယ်ယူ လျက်ကြောင်း သိရှိရပါသည်။
