ကုန်သွယ်မှုသတင်းများ
ပြည်မြို့နယ်တွင် ငရုတ်ပင်ကို နေရာအနှံအပြားတွင်စိုက်ပျိုးကြသလို တစ်နှစ်ပတ်လုံးလည်း ထွက်ရှိပါသည်။ နေရာဒေသကိုလိုက်၍ ငရုတ်သီးထွက်ပေါ်ချိန်နှင့် အထွက်နှုန်းသာကွာခြားပါသည်။ ပြည်ခရိုင်အနေဖြင့် ငရုတ်စိုကိုဦးစားပေး၍ စိုက်ပျိုးကြသဖြင့် မိုးငရုတ်သီးစိမ်းစိုက်ဧကမှာ (၆၇၅) ဧကရှိပြီး အထွက်းနှုန်းမှာ ပျမ်းမျှပိဿာ ၁၃၀၀ကျော်ထွက်ရှိကြောင်း သိရပါသည်။ ယခုအချိန်တွင် ဆောင်းငရုတ် စိုများစိုက်ပျိုးလျှက်ရှိပြီး စိုက်ဧကမှာ (၁၀၃)ဧကရှိစိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ငရုတ်စိုကို စိုက်ပျိုးပ

ယခုအခါပြည်ဈေးကွက်အတွင်းသို့ မန်ကျည်းရွက်နုများ ဝင်ရောက်၍ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ တပေါင်းလဖြစ်၍ မန်ကျည်းရွက်များ ရွက်နုများဝေချိန် မန်ကျည်းရွက် ပေါ်ခါစ ရှားပါးကာဈေးကောင်းရလျက်ရှိပါသည်။ ပြည်မြို့အရှေ့ဘက်ရှိ နတ္တလင်းရွာ၊ ထန်းပေါက်၊ မှော်ဇာနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ သစ်စိမ့်ပင်၊ ရွှေဘုံသာ၊ မန်ကျည်းစုရွာများမှ တစ်ပတ်လျှင် ရက်ခြားဝင်ရောက်မှုရှိပြီး တစ်ခါဝင်ရောက်လျှင် (၅)ပိဿာခန့်သာ ဝင်ရောက်မှုရှိပါသည်။ ပြည်ဈေး ကွက်တွင်ရောင်းချသော မန်ကျည်းရွက်နုဈေးမှာ (၁၀)သ

ယခုမတ်လ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်သို့ မကွေးတိုင်းတွင်းရှိ တောင်တွင်း၊ ပခုက္ကူ၊ အောင်လံနယ်များမှ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၂၅၀၀၀)ခန့် အဝင်ရှိနေသည့်အတွက် ယခင်ဖေဖော်ဝါရီလတွင် ပိဿာချိန် (၁၅၀၀၀)အဝင်ရှိခဲ့သဖြင့် နေ့စဉ်ပိဿာချိန် (၁၀၀၀၀)ခန့် ပိုမိုအဝင်ရှိနေကြောင်း သိရသည်။ အဝင်များသည့်အတွက် ဈေးနှုန်းမှာ ယခင်လနှင့်နှိုင်းယှဉ်လျှင် ကျဆင်းလျက်ရှိပေမဲ့ အရောင်းအဝယ်မှာ ပုံမှန်ရောင်းဝယ်မှုများဖြစ်သော ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများ၊ မင်းလှမြို့နယ်၊ သာယာဝတီခရိ

ယခုလိုပူပြင်းတဲ့ရာသီမှာ ရေသွင်းစိုက်ပျိုးထားသည့် ဆူးပုပ်ရွက်များ ပြည်ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိနေသည်။ ပြည်မြို့ပေါ်ဈေးများသို့ ပြည်ဒေသအနီးတဝိုက်ရှိရွာများဖြစ်သော ဇီးအုပ်၊ နတ်တလင်း၊ မှော်ဇာ၊ ကင်ပွန်းခြုံ၊ အောင်မြေ အစရှိတဲ့ရွာများမှ တစ်ရက်လျှင် (၅)ပင် တစ်စည်းပါအစည်းရေ (၂၅၀-၃၀၀)ခန့် အဝင်ရှိနေသည်။ ရှားပါးချိန်ဖြစ်လို့ အဝင်ရှိသလောက် အရောင်းအဝယ်သွက်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့်လည်း (၅)ပင်ပါတစ်စည်းလျှင် (၂၀၀-၂၅၀)ကျပ် နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိသဖြင့် ယခ

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကြံကြိတ်ဝါးရာသီကာလတွင် ပြည်ခရိုင်ရှိ ပြည်မြို့နယ်မှ နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်မှ အင်ငါးခွသကြားစက်တို့မှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက် နေ့မှ စတင်လည်ပတ်ခဲ့ရာမှ နဝဒေးသကြားစက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက် နေ့တွင် အပြီးသတ်ကြိတ်ဝါးခဲ့ပြီး အင်ငါးခွသကြားစက်မှာ ၂၀၂၅ခုနှစ်၊ မတ်လ (၁၂)ရက်နေ့တွင် အပြီးသတ်ကြိတ်ဝါးပြီးဖြစ်ပါသည်။
