ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးပြီးချိန်၌ မတ်ပဲ သီးနှံကို သီးထပ်အဖြစ်စိုက်ပျိုးကြပြီး (၆၆၁၅၉)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ဇလွန်မြို့ နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မတ်ပဲ စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်မှာ ၉ သိန်းခွဲကျပ်ခန့်ရှိပြီး လယ်မြေ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၁၄ တင်းခန့်ရှိပါသည်။ မတ်ပဲစတင်စိုက်ပျိုးသော ကာလများတွင် မိုးရွာသွန်းမှုကြောင့် တချို့သော အပင်များပျက်စီးဆုံးရှုံးခြင်း၊ စိုက်ပျိုးမှုနောက်ကျ ခြင်းကြောင့် ဖြ

ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်တွင်မိုးစပါးစိုက်ဧက(၂၅၃၃၈၉၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ ပဲအမျိုးမျိုး၊ အစေ့ထုတ်ပြောင်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြပါသည်။ ၂၀၂၅ခုနှစ်တွင် ဟင်္သာတခရိုင်၌ နွေစပါးစိုက်ဧက(၅၉၁၉)ဧက စိုက်ပျိုးရန်လျာထားပြီး၊ လေးမျက်နှာမြို့နယ် တွင် (၁၇၅၃)ဧက လျာထားကာ (၁၆၈၂)ဧကစိုက်ပျိုးပြီးစီးကြောင်း၊ နွေစပါးမျိုးအနေဖြင့် ထိုင်းရက် (၉၀)၊ နယူးဧရာ(၁)၊ GW 11 စသော စပါးမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်သည်လယ်ယာစိုက်ပျိုးရေးနှင့်ဥယျာဉ်ခြံမြေလုပ်ငန်း ကိုအဓိကထားလုပ်ကိုင်ကြပြီး၊ဒေသတွင်းကုန်ထုတ်လုပ်ငန်းများဖြစ်သည့် အသေးစားစက်မှု/ လက်မှု လုပ်ငန်းများလည်း လုပ်ကိုင်ကြပါသည်။ ထိုလုပ်ငန်းများအထဲမှ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ ကွင်းကောက်တောင်အုပ်စု၊ ရွာကလေးရွာတွင် ဝါးထရံလုပ်ငန်းကို အိမ်တိုင်းစေ့နီးပါး တစ်နိူင်တစ်ပိုင် လုပ်ကိုင်ကြရာ (၂၁.၃.၂၀၂၅)ရက်နေ့တွင် ရွာကလေးရွာရှိ ဝါးထရံထုတ်လုပ်သည့် လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ တို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ဆောင်းနှမ်းသီးနှံကို စိုက်ဧက ၂၂၁၅ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းမြေပဲ စိုက်ဧက (၁၄၈၈၇) ဧကစိုက်ပျိုးပြီး၊(၂၀-၃-၂၀၂၅) ရက်နေ့အထိ (၁၂၀၀၀)ဧက ရိတ်သိမ်းပြီးကြောင်း သိရှိရပါသည်။ အထွက်နှုန်းအနေဖြင့် ၁ ဧကပျမ်းမျှ ၅၈ တင်းထွက်ရှိပြီး မြေပဲလုံးဆံဈေးနှုန်း မှာလည်း ၁ ပြည်လျှင် (၈၀၀၀ကျပ်မှ ၈၃၀၀ကျပ်)ဈေးဖြင့် မြေပဲအမျိုးအစား ပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ထွက်ရှိသောမြေပဲများကို ဒေသခံ ဆီကြိတ်ဆုံများကဝယ်ယူ၍ ဆီကြိတ်ခြင်းနှင့် ဒေသတွင်းကုန်သည်များကဝယ်ယူ၍ ပ
