
ကယားပြည်နယ်အတွင်း ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ ဆန်စပါးဖူလုံရေးနှင့် ဒေ သအတွင်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်အတွက် မိုးစပါးစိုက်ပျိုးခြင်းလုပ် ငန်းများကိုတောင်သူများ ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
၂၀၂၆ - ၂၀၂၇ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် သက်ဆိုင်ရာစာရင်းအရ ကယားပြည် နယ်အတွင်း မိုးစပါးစိုက်ပျိုးဧရိယာစုစုပေါင်းမှာ ၅၀၈၇၀ ဧကရှိပြီး ယခုအချိန်တွင်တောင်သူ များသည် မိုးစပါးများကိုစိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ ကယားပြည်နယ်လက်ရှိကာ လတွင် လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်နှင့် လောပိတမြို့တွင်အများဆုံးစိုက်ပျိုးကြ သည်။ ကယားပြည် နယ်တွင် မိုးစပါးများကို မေလကုန်မှ ဇူလိုင်လအတွင်း စိုက်ပျိုးကြပြီးစ ပါးအမျိုးအစားနှင့် ဒေသအလိုက် ရိတ်သိမ်းချိန်ကွာခြားနိုင်ကာအများအားဖြင့် အောက်တို ဘာလနှင့် နိုဝင်ဘာ လ အတွင်းရိတ်သိမ်းမှုများပြုလုပ်လေ့ရှိကြောင်းဒေသခံများထံမှ သိရှိရ ပါသည်။
ကယားပြည်နယ်ရှိစပါးစိုက်ပျိုးမှုများကို ရာသီဥတုအခြေအနေ၊ စိုက်ပျိုးမြေအမျိုးအ စားစသည်ဖြင့်သင့်လျော်သည့် စိုက်ပျိုးနည်းစနစ်များဖြင့် ဆောင်ရွက်လျက်ရှိပြီးအထွက်နှုန်း ကောင်းမွန်ရေးအတွက်မြေယာပြုပြင်ခြင်း၊ အရည်အသွေး ကောင်းမွန်သည့် မျိုးစေ့များရွေး ချယ်အသုံးပြုခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို လိုက်နာဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထို့အပြင်စပါးစိုက်ခင်းများတွင် ပေါင်း မြက်နှိမ်နင်းခြင်း၊ ပိုးမွှားနှင့်ရောဂါများကြိုတင်ကာကွယ်နှိမ်နင်းခြင်း၊ သွင်းအားစုများကိုသင့် တင့်မျှတစွာအသုံးပြုခြင်းတို့ကိုဆောင်ရွက်ခြင်းဖြင့် သီးနှံဖြစ်ထွန်းမှုကောင်းမွန်ပြီး အရည်အ သွေးပြည့်မှီသော စပါးများထွက်ရှိလာစေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မိုးစပါးစိုက်ပျိုးရေးသည် ဒေသခံတောင်သူများ၏ အသက်မွေးဝမ်းကျောင်းအတွက် အရေးပါပြီး လူမှု၊ စီးပွား၊ ဘဝ တိုးတက်ရေးအတွက်လဲအလွန်အရေးပါသည်။ မိုးစပါးစိုက်ပျိုး ရာတွင်ဒေသနှင့် ရာသီဥတုအခြေအနေကိုကြည့်၍ အရည်အသွေးကောင်းမွန်သောမျိုးစေ့ များကိုရွေးချယ်အသုံးပြုရန်လိုအပ်ပါသည်။ ထို့အပြင်စပါးပင်များ ကောင်းမွန်စွာကြီးထွားဖွံ့ ဖြိုးစေရေးအတွက် လိုအပ်သည့်သွင်းအားစုများကို သင့်တင့်မျှတစွာအသုံးပြုခြင်းနှင့်စိုက်ခင်းများကို ပုံမှန်စောင့်ကြည့်ပြုစုခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ စပါးစိုက် ပျိုးမှု၊ ပျိုးခင်းပြုပြင်ခြင်း၊ စိုက်ခင်းပြုပြင်ခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ စပါးလှန်း၊ သယ်ခြင်း နှင့်သွင်းအားစုခန့်မှန်းတစ်ဧကကုန်ကျစရိတ်မှာ ၁၀ သိန်းဝန်းကျင်ခန့်ကုန်ကျ ကြောင်းဒေသခံတောင်သူများထံမှ သိရှိရပါသည်။ စပါးရင့်မှည့်ချိန်တွင် ရာသီဥတုအခြေအနေများနှင့်အညီ အချိန်မီရိတ်သိမ်းနိုင်ရေးနှင့် ရိတ်သိမ်းပြီးနောက် စပါးအရည်အသွေးမထိ ခိုက်စေရန်အခြောက်ခံခြင်းနှင့် စနစ်တကျသိုလှောင်ခြင်းတို့ကိုဆောင်ရွက်ရန်လိုအပ်ကြောင်း သိရပါသည်။
ကယားပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာခြင်းဖြင့် ဒေသ တွင်းဆန်ဖူလုံရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်ကောင်းမွန်လာစေရန်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်မိုးစပါးရာသီတွင်စိုက်ပျိုးထားရှိ သည့် စပါးခင်းများအောင်မြင်ဖြစ်ထွန်းပြီး မျှော်မှန်းထားသည့် အထွက်နှုန်းရရှိနိုင်ရေးအ တွက် တောင်သူများက ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA(ကယား)
