ကုန်သွယ်မှုသတင်းများ

Powered by Drupal
30 Jan 2025

           ကုလားပဲသီးနှံမှာမန္တလေးစျေးကွက်အတွင်းအ‌ရောင်းသွက်သည့်ကုန်စည်ုဖြစ်ပြီး၊ ပြည်တွင်း စျေးကွက်တွင် စားသုံးမှုများပြားပြီး၊ပြည်ပတင်ပို့သည့်အမယ်တစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် ဆောင်းသီးနှံကုလားပဲအဖြစ် နိုဝင်ဘာလမှ စတင်စိုက်ပျိုးလျက်ရှိပြီး၊ ဖေဖော်ဝါရီလ လယ်ခန့်တွင် ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်း‌

30 Jan 2025

               ဆောင်းရာသီကာလဖြစ်သည့် အားလျော်စွာ မန္တလေးမြို့အနီးတဝိုက်ရှိ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ မြို့သာ၊ ငါန်းဇွန်နှင့် စစ်ကိုင်းတိုင်းဒေသတို့မှ ထွက်ရှိသည့် ထန်းမြစ်များ အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြန်မာလူမျိုးများ၏ ရာသီစာဖြစ်ပြီး စားသုံး သူများလည်း ကြိုက်နှစ်သက်ခြင်းကြောင့် ဝယ်ယူမှုများရှိနေကြောင်း ထန်းမြစ်ရောင်းချသည့် ဆိုင်များမှ သိရှိရပါသည်။

30 Jan 2025

               မန္တလေးတိုင်းဒေသကြီးအတွင်းနေကြာသီးနှံကို ရမည်းသင်းခရိုင်နှင့် ကျောက်ဆည် ခရိုင်တို့တွင် အများဆုံးစိုက်ပျိုးပါသည်။၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဧက(၁.၇)သိန်းစိုက်ပျိုးရန် လျာထားသော်လည်း (၁.၈) သိန်းကျော်စိုက်ပျိုးမှုရှိခဲ့ရာ လျာထားချက်ထက် ဧက (၂၀၀၀)ကျော် ပိုမိုစိုက်ပျိုးခဲ့ပြီး ပျှမ်းမျှအထွက်နှုန်း(၂၃.၉၆)တင်းဖြင့် အထွက်တင်းပေါင်း (၄၃)သိန်းကျော် ထွက်ရှိခဲ့ပါသည်။နေကြာတစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (၄)သိန်း‌ကျော်ခန့်ကုန်ကျပြီး၊ ဈေးကောင်းရရှိခဲ့သဖြင့်တောင်သူများ တွက်ချေ

30 Jan 2025

ဆလပ်ရွက်ကို ဒေသမရွေးစိုက်ပျိုးနိုင်ပြီး မိုးအကုန် သတင်းကျွတ်တန်ဆောင်မုန်းလ များတွင် စိုက်ပျိုးကြပြီး ဆောင်းရာသီတွင်ထွက်ပေါ်သောကြောင့် ဆောင်းရာသီစာသီးနှံပင် တစ်မျိုးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရန်ပုံနှစ်ရွာ၊ ကျီးပြရွာ၊ ကြက်ဆင်ရွာ၊ သပြေသာရွာ၊ ပင်တလည်ရွာစသည်ဖြင့် ပန်းလောင် မြစ်ရိုး တစ်လျောက်တွင်ရှိသော သဲနုကျွန်းမြေပေါ်တွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရှိရသည်။ဆလပ်ရွက်သည်အရွက်တွန့်တွန့်လေးများဖြင့် အစိမ်းနုရောင်ရှိသော အပင်မျိုး ဖြစ်သည်။

30 Jan 2025

          ဆီးသီးပင်ကို     မြန်မာနိုင်ငံဒေသအနှံအပြားတွင်     တွေ့မြင်နိုင်သည်။  ဆီးသီးတွင် ဆီးချိုသီး ၊  ဆီးချဉ်သီး  ၊  ဆီးပန်းသီး  ၊  ဆီးကြက်ဥ  ၊  ဆီးပုလဲသီး၊ စလေဆီးသီး စသည်ဖြင့် အမျိုးအစား များစွာ ရှိပါသည်။ ဆီးချဉ်သီးပင်သည်  အလေ့ကျ ပေါက်ပင်မျိုး ဖြစ်ပြီး အခြားဆီးသီးမျိုးများ  သည် ကိုင်းကူး၍မျိုးပွား  စိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ဆီးသီး ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ ဧကလိုက်  စီးပွားဖြစ်   စိုက်ပျိုးလာကြပြီး   ဈေးကွက် ကောင်းလျက်ရှိပါသည်။မန္တလေးတိုင်းအတွင်း၌စဉ့်ကိုင် ၊

Pages