ကုန်သွယ်မှုသတင်းများ
ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇) ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်မျာ

ကမ္ဘာ့စားသုံးဆီဈေးကွက်ခိုင်မာမှုနှင့် ရောင်းလိုအားအပိုင်း မရေရာမှုများရှိနေခြင်း တို့အရ မလေးရှား စားအုန်းဆီကြမ်း (CPO) စျေးနှုန်းသည် မကြာမီကာလအတွင်း တစ်တန်လျှင် ရင်းဂစ် ၄၂၀၀ နှင့် ရင်းဂစ် ၄၅၀၀ ကြားနှုန်းထားဖြင့် အရောင်းအ၀ယ်ဖြစ်နိုင်ဖွယ်ရှိသည်ဟု မလေးရှား စားအုန်းဆီကောင်စီ (MPOC) ၏ ပြောကြားချက်အရ သိရကြောင်း The Edge Malaysia သတင်း ဌာနက စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖော်ပြထားသည်။
ဘာစမာတီမဟုတ်သောဆန်များကို ပြည်ပသို့တင်ပို့ရာတွင် အကောက်ခွန်ဌာနထံမှ ခွင့်ပြုချက်မရယူမီ ဆန်တင်ပို့မှု အရောင်းအဝယ်စာချုပ်များကို လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) ထံ၌ မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရန် အိန္ဒိယအစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
ပဲလွန်းပြာမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပြီးမန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်

အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံဝယ်ယူတင်သွင်းမှုမှာ ယခင်နှစ်၌ စံချိန်တင်မြင့်မားခဲ့သော်လည်း မကြာသေးမီ လများအတွင်း ဝယ်လိုအားနည်းပါးမှုနှင့် ဈေးနှုန်းများကျဆင်းမှုတို့အရ တင်သွင်းမှု နှေးကွေးလျော့နည်းလာခဲ့ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။