ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Jan 2025

             ဧရာဝတီတိုင်းဒေကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သုံး သီးနှံများကိုလည်းစိုက်ပျိုးကြကြောင်းသိရသည်။

24 Jan 2025

မန္တလေးမြို့ဟာဗုဒ္ဓဘာသာထွန်းကားသည့်မြို့ဖြစ်သည်နှင့်အညီမြို့အနှံမှာဘုရား၊စေတီပုထိုးများ တည်ထား ကိုးကွယ်ကြပါတယ်၊ မန္တလေးမြို့ရဲ့ အထင်ကရ နေရာများကတော့ မဟာမြတ်မုနိ၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်၊အတုမရှိရွှေနန်းတော်၊ ရွှေကျီးမြင်၊ မဟာလောကမာရဇိန်အောင်တော်မူဘုရား၊ ကျောက်တော်ကြီး ဘုရား၊ ကျောက်စိမ်းဘုရား၊စန္ဒာမုနိဘုရားစသည်များဖြစ်ကြပါသည်။ ဘုရား၊ စေတီပုထိုးများအနက် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးဟာမန္တလေးမြို့ကိုလာရောက်လည်ပတ်သူတိုင်း မဖြစ်မနေလာရောက်ဖူးမျှော်ကြသည့် မဟာ မြတ

24 Jan 2025

                မြန်မာနိုင်ငံ၏ တောင်ပေါ်မြို့တစ်မြို့ဖြစ်သည့် ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာ ပြင်အထက် ပေပေါင်း(၃၅၃၈)ပေမြင့်ပြီး သဘာဝတရားမှချီးမြှင့်ထားသည့် မြေဆီဩဇာကောင်း မွန်မှုနှင့်သင့်တင့်အေးမြသောရာသီဥတုတို့ကို ပိုင်ဆိုင်ထားရှိမှုတို့ကြောင့် သစ်သီးဝလံပန်းမာန် များကိုစိုက်ပျိုးထုတ်လုပ်ရောင်းချသူ ဒေသခံတောင်သူများအတွက် အဖိုးမဖြတ်နိုင်သည့်မြို့တစ်မြို့ ဖြစ်သည်။ ယင်းသို့သစ်သီးဝလံပန်းမာန်များ စိုက်ပျိုးကောင်းမွန်သည့်မြေတွင် မြို့ခံလူအများသည် နှစ်ရှည်သီးနှံပင်နှင့်ရာသီစာသီး

24 Jan 2025

          ကုန်ဈေးနှုန်းများမြင့်တက်မှုကြောင့် စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် ငပုတောမြို့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျဆင်းရေးကော်မတီက ဒေါနလမ်းတွင် အခွန်လွတ်ဈေးကို ၂၀၂၄ ခုနှစ်၊ ၇လပိုင်းမှစတင်၍  အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

24 Jan 2025

မြင်းခြံမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး မိုးနည်းရေရှားရပ်ဝန်းဒေသ ဖြစ်သော်လည်း ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိ၍ ဆည်မြောင်းများအသင့်အတင့်ရှိပြီး၊   မိုးကောင်းသောက် ယာမြေများတွင် ပဲစဉ်းငုံ ၊ ကုလားပဲ၊ နှမ်း၊ မြေပဲ၊ အစေ့ထုတ်ပြောင်းနှင့် ကြက်သွန်နီ သီးနှံများစိုက်ပျိုးကြပါသည်။ မိုးကြက်သွန်နီကို ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်စိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့်မတ်လတို့တွင် ထွက်ပေါ်လေ့ ရှိသည်။ မိုးကြက်သွန်နီသည် နွေကြက်သွန်နီ မပေါ်သေးခင် စပ်ကြားစားသုံ

Pages