ကုန်သွယ်မှုသတင်းများ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် ပေါ်ဦးပေါ်ဖျား သခွားမွှေးသီးများ ဈေးကောင်းရလျက်ရှိကြောင်း သတင်းရရှိသည်။ သခွားမွှေးသီးကို ဘားအံမြို့အနီး တဝိုက်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုး ကြပါသည်။ သခွားမွှေးသီးများသည် ကရင်ပြည်နယ်သို့ အခြားဒေသမှလည်း ဝင်ရောက်ကြောင်း သိရသည်။ သခွားမွှေးသီးများ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှု ရှိပါသည်။ သခွားမွှေးသီး အလုံးကြီးတစ်လုံးလျှင် (
ကယားပြည်နယ်တွင် လွိုင်ကော်မြို့တွင်ရောင်းချနေသောအာလူးများကို အောင်ပန်း မြို့မှတင်သွင်းလျှက်ရှိပြီး လွိုင်ကော်မြို့သီရီမဂႅလာဈေးတွင်ဈေးကွက်အတွင်း ရောင်းချလျှက် ရှိပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော အာလူးဈေးနှုန်းများမှာ အလုံးအကြီး၊အလုံး အလတ်နှင့်အလုံးအသေးဟူ၍ အရည်အသွေးအလိုက်ဈေးနှုန်းသတ်မှတ်လျှက်ရှိပြီး အာလူး အလုံးကြီးတစ်ပိဿာလျှင် (၇၅၀၀)ကျပ်မှ(၈၀၀၀)ကျပ်၊ အာလူးအလုံး လတ်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်မှ(၆၅၀၀)ကျပ် ၊အာလူးအလုံးသေး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်မှ (၅၀၀၀) ကျ
ပဲပုဇွန်သီး(နွေပဲသီး)ကို လူတိုင်းစားသုံးလေ့ရှိကြပြီး နူးညံ့သောပဲတစ်မျိုးဖြစ်သည်။ ပဲသီးနုနု များကို အရည်သောက် ရေနွေးဖျော၍ပြုတ်စား ကြော်စားလေ့ရှိကြသည်။ အိမ်တွင်တစ်နိုင်တစ်ပိုင် စိုက်ပါကလည်း လွယ်ကူစွာစိုက်ပျိုးဖြစ်ထွန်းသည်။ စင်ထောင်၍သော်လည်းကောင်း ခြံစည်းရိုးများ တွင်ကပ်၍ သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများ တွင် ၂၀၂၅ခု၊ ဇန်နဝါရီ ပထမပတ်မှစတင်၍ မကျည်းသီးမှည့်များ စတင်ထွက်ရှိနေပြီ ဖြစ်ပါသည်။ မကျည်းသီးမှည့် စတင်ထွက်ရှိချိန် အထွက်နှုန်းနည်းသည့်အတွက် တစ်ကြိမ်ခူးဆွတ်ပါကတစ်တင်း၊ တစ်တင်းခွဲခန့်သာ ထွက်ရှိသေးကြောင်းသိရပါသည်။ ယခုနှစ် မကျည်းသီးမှည့်ပေါ်ချိန်တွင် အခွံပါ တစ်ပိဿာ လက်လီ(၃၅၀၀)ကျပ်၊ ဖြင့် လည်းကောင်း(အခွံမပါ) တစ်ပိဿာ လက်လီ (၅၀၀၀)ကျပ်၊ လက္ကား (၄၅၀၀)ကျပ်၊ (အစေ့မပါ)တစ်ပိဿာ လက်လီ (၉၅၀၀)ကျပ်၊ လက္ကား (၈၅၀၀)ကျပ်ဖြ
ကြောင်လျှာသီးတွင် အစိမ်းသီးနှင့် အညိုသီးဟူ၍ (၂)မျိုးခွဲခြားထားပါသည်။ အရသာသည် ခါးသက်သက်နှင့် ပူရှိန်းရှိန်းအရသာရှိပါသည်။ ကြောင်လျှာသီးအစိမ်းကို ပါးပါးလှီးပြီး သုတ်စား၍ လည်းကောင်း၊ အချဉ်စိမ်၍ ချဉ်ဖတ်အဖြစ်လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း၊ ကြော်ချက်၍ လည်းကောင်း စားသုံးကြပါသည်။ ကြောင်လျှာသီးသည် ဘက်တီးရီးယားများကို တိုက်ဖျက်ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိခြင်း၊ ရောင်းရမ်းမှုကိုသက်သာစေခြင်း၊ အသည်းကိုကျန်းမာစေခြင်း၊ ကျောက်ကပ်ကို ကျန်းမာစေခြင်း၊ ဆီးချိုကိုသက်သာစေခြင်း၊