ကုန်သွယ်မှုသတင်းများ
သရက်သီးသည် လူတိုင်းကြိုက်နှစ်သက်သောအသီးမျိုးဖြစ်ပြီး ယခုဆောင်းရာသီတွင် ရှားပါးသီးနှံဖြစ်သည့်အတွက် စားသုံးများ ခံတွင်းတွေ့ကာ အရောင်းအဝယ်ကောင်းကြောင်း သိရပါ သည်။ သရက်သီးစိမ်းကို ငါးပိရည်ကျိုနှင့်တို့စား၍သော်လည်းကောင်း၊ သုပ်စား၍သော်လည်း ကောင်းစားကြပါသည်။ ထားဝယ်မြို့စည်ပင်သာယာဈေးနှင့်ဈေးငယ်များတွင် သရက်သီးများရောင်း ချလျက်ရှိရာ ဈေးကောင်းလျက်ရှိကြောင်း သိရှိရပြီးတစ်ကီလိုလျှင်(၃၅၀၀)ကျပ်ရှိကြောင်းသိရှိရပါ သည်။
DOCA(တနင်္သာရီ)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်နေ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းများလုပ်ကိုင်ကြရာ နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးရောင်းချကြပြီး ယခုအချိန်တွင် ရာသီပေါ်သီးနှံအဖြစ် နာနတ်သီးပေါ်ချိန် ဖြစ်သည့်အတွက် တောင်သူများက နာနတ်သီးများ ခူးဆွတ်ရောင်းချရာမှ မိသားစုစားဝတ် နေရေး အတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သရက်ချောင်းမြို့ပေါ်နေ စိုက်ပျိုး တောင်သူ များထံမှသိရှိရပါသည်။ နာနတ်သီးကို ယခု
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချလျက် ရှိသော ကြက်ဥများမှာ ဒေသတွင်းကြက်ခြံများမှ ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ အကြီးတစ်လုံးလျှင်(၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၄၅၀)ကျပ်နှင့် အသေး တစ်လုံးလျှင်(၃၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ကာလက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် အနည်းငယ်မြင့်တက်လာကြောင်းသိရပါသည်။
ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် စားသုံးသူရေးရာဦးစီးဌာန(ရုံးချူပ်)မှ ညွှန်ကြားလာသည့် ဘိလပ်မြေထုတ်လုပ်နေသည့်စက်ရုံများနှင့်ဘိလပ် မြေ ရောင်းချနေသည့်ဆိုင်များအား ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ၊ မြေပြင်လက်ကျန်အခြေအနေများ၊ စျေးနှုန်း စျေးကွက်အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးရန်ညွှန်ကြားလာမှုအပေါ်၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစု
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက် စေရေးအတွက် မင်းဘူးမြို့ရှိပွဲရုံများသို့ သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များအား ကွင်းဆင်း နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။