ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်အတွင်း ဆောင်းရာသီ သီးနှံဖြစ်သည့် မုန်လာဥဖြူသီးနှံများ ယခုဇန်နဝါရီလ တတိယပတ်တွင် ဝင်ရောက်မှုရှိလာပြီး ဈေးကောင်းရလျက်ရှိကြောင်း သိရပါသည်။ ပေါ်ဦး ပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်မှာကောင်းလျက်ရှိပြီး ဈေးကွက်သို့ ဆင်မြီးဆွဲ၊ ပုတီးကုန်း၊ ကင်ပွန်းခြုံ၊ မှုတ်ရှည်ရွာများမှ အဝင်ရှိနေပါသည်။ ဝင်ရောက်မှုမှာ တစ်ကြိမ်လျှင် (၅)လုံးပါအစည်း (၅၀-၆၀)ခန့်ဝင်ရောက်မှုရှိနေပြီး ဈေးကွက်အတွင်းရောင်းချသောဈေးနှုန်းမှာ တစ်စည်းလျှင် (၇၀၀-၈၀၀)နှုန်းဖြင့် ဈေးမြင့်နေသော်လည်း ပေါ်ခါစဖြစ
ပဲတောင့်ရှည်တွင် အပင်ပုမျိုး(နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး(နွယ်တက်)မျိုးဟူ၍ရှိပြီး အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြသည်။ အတောင့်ရှည်မှာ (၂)ပေကျော်ထိရှိနိုင်ပြီး အရောင် အားဖြင့်အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍ အမျိုးမျိုးကွဲပြားစွာရှိနေပါသည်။ ပဲတောင့်ရှည်ကို မြေအမျိုးမျိုးတွင်စိုက်ပျိုး၍ရသည်။ တိုတောင်းသောရာသီ၌ အချိန်တိုအတွင်းစိုက်ပျိုးလိုပါက သဲဆန် သောမြေတွင် စိုက်ပျိုးကြသည်။ အလွန်ချဥ်သောမြေတွင် ကောင်းစွာမဖြစ်ထွန်းပါ။ စိုက်ပျိုးရန် အကောင်းဆုံးမြေချဥ်ငံဓာ
ဆီထွက်သီးနှံဖြစ်သည့်နှမ်းသီးနှံမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့သည့်သီးနှံ တစ်မယ်ဖြစ်ပြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် နှမ်းသီးနှံကို နွေနှမ်း၊ မိုးနှမ်းနှင့် ဆောင်းနှမ်း (မိုးနှောင်းနှမ်း) အဖြစ် စိ
မန္တလေးတိုင်းဒေသကြီးသည် လယ်မြေထက်ယာမြေများ ပိုမိုများပြားသော တိုင်းဒေသကြီး ဖြစ်သဖြင့် ယာမြေပေါ်တွင်စိုက်ပျိုးထွက်ရှိသော ပဲမျိုးစုံကို အဓိကထားစိုက်ပျိုးလျက် ရှိပါသည်။ ပဲမျိုးစုံကို နွားထိုးကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မလှိုင်၊ တောင်သာ၊ ရမည်းသင်း နှင့်ပျော်ဘွယ်မြို့နယ်များတွင် အများအပြား စိုက်ပျိုးလျက် ရှိပါသည်။ ယခုအချိန် အခါတွင်ဆောင်သီးနှံများဖြစ်သည့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနီ၊ ကုလားပဲနှင့် ပဲပုတ် သီးနှံ အသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက
ဥရောပသမဂ္ဂ (EU) ၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ညွှန်ကြားချက် (RED II) ၌ ပါရှိသော ဖော်ပြချက်အချို့သည် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့မှုအပေါ် တရားမျှတမှုမရှိပဲ ခွဲခြားဆက်ဆံခြင်း ပြုရာရောက်သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က စီရင်ဆုံးဖြတ်ခဲ့ပြီး နောက် ၎င်း၏ ဇီဝလောင်စာမူဝါဒများကို ပြန်လည်ပြင်ဆင်ရန် စီစဉ်နေသည်ဟု EU က ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။