
စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခု ဖြစ်သည့်အတိုင်း ရွှေဘိုခရိုင် သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျှက် ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက (၄.၄)သိန်းခန့်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဧက(၃)သိန်း ခန့် နှစ်စဉ် စိုက်ပျိုးလျက်ရှိပါသည်။
ရွှေဘိုခရိုင်တွင် စက်တင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၆၂၀၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၂၃၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊ဒေသတွင်းသာမက ပိုလျှံသော ဆန်များကို အခြားတိုင်း/ပြည်နယ် ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
ယခု ၂၀၂၆ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန် စီးထွက်မှုမှာ ရန်ကုန်သို့ (2၅၀၄၄)အိတ်၊ မန္တလေးသို့ (၅၆၁၈) အိတ်၊ နေပြည်တော်သို့ (၇၃၂) အိတ် ၊ပဲခူးသို့ (၃၉၃)အိတ်၊ ပြည်သို့ (၂၆၀)အိတ်၊ တောင်ငူသို့ (၃၀၀)အိတ်၊ကျောက်ပန်းတောင်းသို့ (၂၈၀)အိတ်၊ မိတ္ထီလာသို့ (၉၀)အိတ်၊ ကရင်ပြည်နယ် ဘားအံမြို့သို့ (၃၁၃၅)အိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ (၄၉၈၀)အိတ်၊ဧရာဝတီသို့ (၁၅၀)အိတ်၊ ကချင် ပြည်နယ်သို့ (၁၄၀)အိတ်၊ မူဆယ်သို့ (၁၃၀)အိတ်၊ မွန်ပြည်နယ်သို့ (၃၆၈၀)အိတ်၊ မကွေးတိုင်းသို့ (၈၉၅)အိတ်၊ စုစုပေါင်း အိတ်ရေ (၄၅၈၂၇)၊ တန်အားဖြင့် (2၂၉၁)တန် စီးထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
