မြစ်ကြီးနားမြို့ပေါ်ရှိ စားဖိုဆောင်သီးနှံဈေးနှုန်း အနည်းငယ်ကျဆင်းလာ

Powered by Drupal

      ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဈေးများတွင် စားဖို‌ဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ ငရုတ်သီးခြောက်နှင့် ခရမ်းချဉ်သီးများသည် စားသုံးသူပြည်သူများအတွက် နေ့စဉ် မရှိ မဖြစ်လိုအပ်သော အဓိကသီးနှံများဖြစ်သည်။ ကချင်ပြည်နယ်တွင် အဓိကဝင်ရောက်သည့် မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတွင်  လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် စားဖိုဆောင်သီးနှံ များအပြင် အခြားကုန်စည်များ ဝင်ရောက်မှုအလွန်နည်းပါးလျက်ရှိပြီး ယခုစက်တင်ဘာလတွင် လမ်း ကြောင်းပေါ်ရှိ ယာဉ်တစ်ချို့မှာ မြစ်ကြီးနားမြို့သို့  ‌ရောက်ရှိလာသဖြင့် အခြေခံစားကုန်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း  သိရှိရသည်။

          မြစ်ကြီးနားမြို့ရှိ ဈေးများတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်၌ ရောင်းချလျက် ရှိသော ဈေးနှုန်းများအနေဖြင့် တစ်ပိဿာဈေးနှုန်း ကြက်သွန်နီ(အကြီး) ၁၄၀၀၀ကျပ်၊ ကြက်သွန်နီ (အသေး) ၁၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) ၁၄၀၀၀ကျပ်နှင့် ကြက်သွန်ဖြူ(ကြူဂုတ်) ၁၁၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(အညှာပါ) ၂၈၀၀၀ကျပ်၊ခရမ်းချဉ်သီး ၁၀၀၀၀ကျပ်နှင့်အာလူး၄၀၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိသဖြင့် ယခင်လနှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီနှင့်ကြက်သွန်ဖြူဈေးမှာ ၂၀၀၀ကျပ်၊ ငရုတ်သီးခြောက်(အညှာပါ)မှာ ၃၀၀၀ကျပ်၊ ခရမ်းချဉ်သီးမှာ ၃၀၀၀ကျပ် နှင့်အာလူးမှာ ၁၀၀၀ကျပ် လျော့နည်းကျဆင်းလာကြောင်း သိရှိရသည်။

DOCA(ကချင်)