ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Jan 2025

         ကျောက်ဆည်ခရိုင်တွင် စပါး၊ပဲ၊နှမ်း၊ငရုတ်စသည့်သီးနှံများစိုက်ပျိုးမှုများသော်လည်း ပဲမျိုးစုံ အနက်မှ ပဲစဉ်းငုံသီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ပဲစဉ်းငုံကို ကျောက်ဆည်မြို့နယ်တွင်(၁၄၈၃)ဧက၊ မြစ်သားမြို့နယ်တွင်(၂၅၆)ဧက ၊ စုစုပေါင်း(၁၇၃၉)ဧက စိုက်ပျိုးပြီး စဉ့်ကိုင်မြို့နယ်တွင် ပဲစဉ်းငုံ စိုက်ပျိုးခြင်းမရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ပဲစဉ်းငုံစိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၅၀၀၀

24 Jan 2025

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ ကျေးလက်နေတောင်သူများသည် တောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆောင်းသီးနှံ ဖြစ်သော ပဲချဉ်ပေါင်ကို မိုးစပါးများရိတ်သိမ်းပြီးခါစ အချိန်တွင် လယ်ခင်များ၌ စတင်စိုက်ပျိုးကြ ပါသည်။ ပဲချဉ်ပေါင်ကိုစိုက်ပျိုးရာတွင် လယ်မြေကိုထွန်ယက်စရာမလိုဘဲ မျိုးစေ့ကိုတိုက်ရိုက်ပတ်ကြဲ၍ ရကြောင်းသိရှိရပါသည်။စိုက်ပျိုးရာတွင် မျိုးစေ့ကိုပတ်ကြဲစနစ်ဖြင့်စိုက်ပျိုးကြပြီး (၁)ဧကလျှင်မျိုးစေ့ တစ်တင်းခန့်ကုန်ကျ

24 Jan 2025

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည်အပူပိုင်းဒေသဖြစ်သည့်အတွက်ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်သည့် နေလှဲ့ပင်များလည်း ပေါက်ရောက်လျှက်ရှိပါသည် ။ ယခင်က အလေ့ကျ ပေါက်ရောက်လျှက်ရှိပြီး ယခုအခါတွင် တောင်သူများမှ မြေလွတ်မြေရိုင်းများပေါ်တွင် စီးပွားဖြစ်စိုက် ပျိုးလျှက်ရှိပါသည်။ နေလှဲ့(၁)ဧက စိုက်ပျိုးမှုအနေဖြင့် မျိုး(၃)ပြည်ကုန်ကျကြောင်း၊ မျိုး(၁)ပြည် လျှင်(၇၀၀၀)ကျပ်ဖြင့်ဝယ်ယူစိုက်ပျိုးကြပါသည်။ မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ နေလှဲ့ကိုထွန်းဖ

24 Jan 2025

           မန္တလေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံအများအပြား စိုက်ပျိုးထွက်ရှိသည့်တိုင်းတစ်ခုဖြစ် ပြီး၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် မြေပဲသီးနှံကို မိုးမြေပဲနှင့် ဆောင်းမြေပဲ အဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်း၌ မြေပဲသီးနှံမှာ ဆီကြိတ်ခွဲရာတွင် အဓိကသုံးစွဲ သကဲ့သို့ ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပြီး၊ မြေပဲအတောင့်၊ မြေပဲဆံ၊ မြေပဲအစိမ်း၊ မြေပဲလှော်၊ မ

24 Jan 2025

ရှားစောင်းလက်ပတ်ပင်သည် အာဖရိကနှင့် မက်ဒီတာရေးနီးယန်းဒေသများတွင် စတင် ပေါက်ပွားသော အပင်ဖြစ်သည်။ လီလီရေးစီးဟု ခေါ်တွင်သော အပင်မျိုးရင်းဝင် တစ်ခုဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ သြစတေးလျ၊ အာဖရိက၊ မက်ဆီကန်နှင့် ယူအက်စ်အေတို့တွင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ကြသည်။ ကမ္ဘာပေါ်တွင် ရှားစောင်းလက်ပတ်မျိုးစိတ်ပေါင်း (၅၀၀) ခန့်ရှိပါသည်။ ရှားစောင်းလက်ပတ်သည် မြန်မာနိုင်ငံ၌ နေရာအနှံ့အပြားတွင် စိုက်ပျိုးပေါက်ရောက်သော်လည်း အထူးသဖြင့် အပူပိုင်းဒေသတွင် ပိုမိုဖြစ်ထွန်းသည်။ မြန်မာပြည်၌ရှိသော ရှားစောင်

Pages