
ဗီယက်နမ်နိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တိုးတက်လာခြင်းနှင့်အတူ ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နည်းပညာကဏ္ဍများဖွံ့ဖြိုးတိုးတက်လာမှုကြောင့် စက်ရုံ များအပါအဝင် ဒေတာစင်တာကဲ့သို့ အထူးပြုအဆောက်အအုံများအထိ အိမ်ခြံမြေလိုအပ်ချက်များ မြင့်တက်လာနေကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ဗီယက်နမ်နိုင်ငံသို့ မှတ်ပုံတင်ထားသည့် FDI ပမာဏသည် အမေရိကန်ဒေါ်လာ ၃၄.၆၅ ဘီလီယံခန့်ရှိခဲ့ပြီး ယခင်နှစ် တူညီသည့်ကာလထက် ၆၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမှန်တကယ် ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့သည့် FDI ပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၁၃.၀၃ ဘီလီယံခန့် ရှိခဲ့ပြီး လွန်ခဲ့သည့် ငါးနှစ်အတွင်း တစ်နှစ်၏ပထမခြောက်လကာလအတွက် အမြင့်ဆုံးပမာဏ ဖြစ်ခဲ့ကြောင်း သိရပါသည်။ Savills ၏ ကျွမ်းကျင်သူများက FDI များသည် ထုတ်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ နည်းပညာနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကဏ္ဍများသို့ ဆက်လက်ဝင်ရောက်နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ အိမ်ခြံမြေလိုအပ်ချက်များလည်း ပြောင်းလဲလာနေကြောင်း ပြောကြားခဲ့ပါသည်။ အာရှဒေသအတွင်း ထောက်ပံ့ရေးကွင်းဆက် များကို နိုင်ငံတကာကုမ္ပဏီများက မတူညီသည့်နိုင်ငံများသို့ ခွဲဝေတည်ဆောက်လာခြင်းကြောင့် ထုတ်လုပ်ရေးကဏ္ဍသည် FDI ဝင်ရောက်မှု၏ အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေကြောင်း သိရပါသည်။ ယင်းအခြေအနေက စက်မှုမြေနေရာများ၊ အသင့်တည်ဆောက် ပြီးစက်ရုံများနှင့် လုပ်ငန်းလိုအပ်ချက်နှင့်အညီ အထူးပြုတည်ဆောက်ပေးသည့် ထုတ်လုပ်ရေး စက်ရုံများအတွက် ဝယ်လိုအားကိုထောက်ပံ့ပေးလျက်ရှိကြောင်း သိရပါသည်။ သို့သော် ရင်းနှီး မြှုပ်နှံသူများသည် နေရာနှင့် ကုန်ကျစရိတ်တင်မက လျှပ်စစ်ဓာတ်အားရရှိနိုင်မှု၊ လုပ်သား အင်အား၏အရည်အသွေး၊ သယ်ယူပို့ဆောင်ရေးကွန်ရက်ချိတ်ဆက်မှု၊ ESG စံနှုန်းများ၊ လုပ်ငန်း တိုးချဲ့နိုင်မည့်အလားအလာနှင့် စက်ရုံများကိုစတင်လည်ပတ်နိုင်ရန် လိုအပ်သည့်အချိန်တို့ကို လည်း ပိုမိုအလေးထားလာကြကြောင်း သိရပါသည်။ Savills ၏ အချက်အလက်များအရ ထုတ်လုပ်ရေးရင်းနှီးမြှုပ်နှံမှုအသစ်များ၏သုံးပုံနှစ်ပုံခန့်သည် စက်မှုမြေငှားရမ်းခြင်းထက် အသင့် တည်ဆောက်ပြီးစက်ရုံများကိုရွေးချယ်သည့်စီမံကိန်းများနှင့် ဆက်စပ်နေကြောင်း သိရပါသည်။
ဗီယက်နမ်နိုင်ငံရှိ Savills ၏ စက်မှုအိမ်ခြံမြေဝန်ဆောင်မှု ဒါရိုက်တာ John Campbell က ဗီယက်နမ်၏စက်မှုအိမ်ခြံမြေဈေးကွက်သည် အဆင့်သစ်တစ်ရပ်သို့ဝင်ရောက်လာနေပြီး ယှဉ်ပြိုင် နိုင်စွမ်းသည် မြေယာပမာဏအပေါ်သာမူတည်တော့ခြင်းမရှိဘဲ အခြေခံအဆောက်အအုံ အသင့် ရှိမှု၊ လုပ်ငန်းလည်ပတ်နိုင်စွမ်းနှင့် တန်ဖိုးမြင့်စက်မှုလုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်စွမ်း တို့အပေါ် ပိုမိုမူတည်လာကြောင်း ပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဝယ်လိုအားသည် ပုံမှန် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံများအပြင် အစိတ်အပိုင်းထုတ်လုပ်ခြင်းမှစတင်ကာ ထောက်ပံ့ ပို့ဆောင်ရေးနှင့် နည်းပညာဆိုင်ရာဝန်ဆောင်မှုများအထိ ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကို ပေါင်းစပ်ဆောင်ရွက်နိုင်သည့်စက်မှုဇုန်များအထိ ကျယ်ပြန့်လာကြောင်း သိရပါသည်။ ထုတ်လုပ် ရေးဗဟိုချက်များ၊ ဆိပ်ကမ်းများနှင့် အဓိကစက်မှုလမ်းကြောင်းများအနီးရှိ စက်မှုဇုန်များသည် အထူးအကျိုးအမြတ်ရရှိနေကြကြောင်း သိရပါသည်။ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက် အအုံများ တိုးချဲ့ဖွံ့ဖြိုးလာခြင်းနှင့်အတူ အစဉ်အလာထုတ်လုပ်ရေးဗဟိုချက်များပြင်ပရှိ ဒေသများ သည်လည်း စက်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ စီမံကိန်းများကိုဆွဲဆောင်နိုင်ရန် အခွင့်အလမ်းများပိုမိုရရှိလာကြောင်း သိရပါသည်။ Campbell က ရင်းနှီးမြှုပ်နှံမှုတည်နေရာ ရွေးချယ်ရာတွင် လုပ်ငန်းလိုအပ်ချက်အလိုက် ပြောင်းလဲအသုံးချ နိုင်မှုနှင့် မဟာဗျူဟာမြောက်သွားလာဆက်သွယ်နိုင်မှုတို့သည် အဓိကစံနှုန်းများ ဖြစ်လာနေ ကြောင်း ပြောကြားခဲ့ပါသည်။ အခြေခံအဆောက်အအုံများ ကောင်းမွန်စွာချိတ်ဆက်ထားပြီး ထောက်ပံ့ရေးကွင်းဆက်များကို လွယ်ကူစွာရယူနိုင်ကာ လုပ်ငန်းတိုးချဲ့ရန် နေရာလွတ်ရှိသည့် ဒေသများသည် ရင်းနှီးမြှုပ်နှံမှုအသစ်များကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။
တစ်ချိန်တည်းတွင် အဆင့်မြင့်နည်းပညာလုပ်ငန်းများဘက်သို့ ရင်းနှီးမြှုပ်နှံမှုများ ရွေ့လျားလာ ခြင်းကလည်း အထူးပြုအိမ်ခြံမြေလိုအပ်ချက် အမျိုးအစားသစ်တစ်ရပ်ကို ဖြစ်ပေါ်စေကြောင်း သိရပါသည်။ အီလက်ထရွန်နစ်ပစ္စည်း၊ ဆီမီးကွန်ဒတ်တာ၊ ဒေတာစင်တာနှင့် နည်းပညာအခြေပြု စက်မှုလုပ်ငန်းများသည် လျှပ်စစ်ဓာတ်အားရရှိမှု၊ ဒေတာချိတ်ဆက်မှု၊ နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံနှင့် အဆက်မပြတ်လည်ပတ်နိုင်မှုတို့အတွက် ပိုမိုမြင့်မားသည့် စံနှုန်းများ လိုအပ်ကြောင်း သိရပါသည်။ ဒေတာစင်တာကဏ္ဍမှာ ယင်းအခြေအနေ၏ ထင်ရှားသည့် ဥပမာတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ Savills Vietnam Industrial Outlook 2026 အရ ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံရှိ လည်ပတ်နေသော ဒေတာစင်တာများ၏ စုစုပေါင်းဒီဇိုင်း ထုတ်လုပ်နိုင်စွမ်းမှာ ၅၂၄.၇ မဂ္ဂါဝပ်ခန့်ရှိခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၉၅၀ မဂ္ဂါဝပ်အထိ ရောက်ရှိ လာမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ယင်းပမာဏသည် ၈၁ ရာခိုင်နှုန်းခန့် တိုးတက် လာခြင်းဖြစ်ကြောင်း သိရပါသည်။ ယင်းတိုးတက်မှုသည် အဆောက်အအုံနေရာ ပိုမိုလိုအပ် လာခြင်းသက်သက်မဟုတ်ဘဲ ဒေတာစင်တာကြီးများအတွက် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးကွန်ရက်၊ မြင့်မားသည့်နည်းပညာစံနှုန်းများနှင့် အဆက်မပြတ်လည်ပတ်နိုင်မှုတို့ လိုအပ်သဖြင့် ပုံမှန်စက်မှုအဆောက်အအုံများနှင့်မတူညီသည့် အထူးပြုအိမ်ခြံမြေကဏ္ဍတစ်ရပ် ဖြစ်ပေါ်လာနေကြောင်း သိရပါသည်။ Campbell က အွန်လိုင်းဈေးဝယ်လုပ်ငန်း၊ ဒေတာစင်တာ များနှင့် အဆင့်မြင့်နည်းပညာထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းသည် စက်မှုအိမ်ခြံမြေ လိုအပ်ချက်ကို ပြောင်းလဲပုံဖော်နေကြောင်း၊ အဆိုပါကဏ္ဍများအတွက် နေရာအကျယ်အဝန်း သာမက ယုံကြည်စိတ်ချရသည့်လျှပ်စစ်ဓာတ်အား၊ အဆင့်မြင့်အခြေခံအဆောက်အအုံနှင့် မြင့်မား သည့် လုပ်ငန်းလည်ပတ်မှုစံနှုန်းများလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာခြင်းက ရင်းနှီးမြှုပ်နှံမှု၏ ပထဝီဝင်နယ်ပယ်ကိုလည်း ပိုမိုကျယ်ပြန့်လာ စေကြောင်း သိရပါသည်။ ဗီယက်နမ်မြောက်ပိုင်းတွင် Hai Phong၊ Bac Ninh၊ Hung Yen၊ Quang Ninh နှင့် အနီးဝန်းကျင်ဒေသများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့် ထုတ်လုပ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်များအဖြစ် ပိုမိုဖွံ့ဖြိုးလာနေကြောင်း သိရပါသည်။ တောင်ပိုင်းတွင် လည်း ဟိုချီမင်းမြို့၊ Dong Nai နှင့် Long Thanh အနီးဝန်းကျင်ဒေသများသည် အဓိကအခြေခံ အဆောက်အအုံစီမံကိန်းများကြောင့် ရင်းနှီးမြှုပ်နှံမှုအကျိုးအမြတ်များ ရရှိနေကြောင်း သိရပါ သည်။
DOCA (ရန်ကုန်)
