
မကွေးတိုင်းဒေသကြီး ၊ပခုက္ကူခရိုင်တွင် ပဲမျိုးစုံအပြင် ကြက်သွန်နီကိုလည်း ဒုတိယ စိုက်ပျိုးမှု အများစုံသီးနှံဖြစ်သည်။ ကြက်သွန်နီကို ပေါက်၊ဆိပ်ဖြူ၊ ကမ္မ၊ရေပြာနှင့် ယောနယ်ဒေသတို့တွင် အများစုံးစိုက်ပျိုးကြသည်။ ကြက်သွန်နီသီးနှံကို နှစ်စဉ် ဆောင်းစိုက်(ပင်စိုက်)နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးစိုက်ပျိုးလျက်ရှိပါသည်။ ကြက်သွန်နီ သီးနှံသည် မိမိတို့ဒေသ၏ ရာသီဥတုနှင့် ကိုက်ညီသော သီးနှံဖြစ်၍လည်း တောင် သူများအဓိက အားထားစိုက်ပျိုး သောသီးနှံလည်းဖြစ်သည်။ ကြက်သွန်နီ ကို ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုအချိန်တွင် ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများလက်ကျန်နည်းပြီး ပြည်ပဝယ်လိုအား လိုက်နေကြောင်း ၊ကြက် သွန်နီဈေးမှာလည်း ယခင်အပတ်များထက်ဈေးအတည်းငယ်ကျနေကြောင်း ကြက်သွန်နီ ကြက် သွန်နီ ကုန်စည်ဒိုင်မှ သိရှိရပါသည်။
ပခုက္ကူကုန်စည်ဒိုင်တွင် မိမိတို့ဒေသမှထွက်ရှိသောကြက်သွန်နီများသာမက စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲနယ်မှထွက်ရှိသောကြက်သွန်နီများ၊ယောနယ်ဒေသထွက်ကြက်သွန်နီများ ဥပုသ်နေ့မှ လွဲ၍နေ့စဉ် ကုန်ချိန် (၂၀၀၀၀ မှ ၃၀၀၀၀)ထိ ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည် များ ထံမှသိ ရှိရပါသည်။ကြက်သွန်နီဈေး ယခင်လများထက် ဈေးတက်လျက်ရှိ ပါသည်။
ပခုက္ကူကြက်သွန်နီဈေးနှုန်းအနေဖြင့် ဩဂုတ်လ (ပထမပတ်)တွင်ပုလဲစ ကြက်သွန်နီ အမျိုး အစားကို လိုက်၍ ထိပ်စ တစ်ပိဿာလျှင်ကျပ်(၅၄၀၀) ၊အလတ်စ တစ်ပိဿာလျှင်ကျပ် (၅၀၀၀)၊ အနိမ့် စတစ်ပိဿာလျှင်ကျပ် (၄၀၀၀)၊ ယောကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင်ကျပ်(၅၇၀၀)၊ အလတ်စ တစ်ပိဿာလျှင်ကျပ် (၅၂၀၀) ၊အနိမ့် စတစ်ပိဿာလျှင်ကျပ် (၄၈၀၀)၊ ဩဂုတ်လ (ဒုတိယပတ်)တွင် ပုလဲစ ကြက်သွန်နီ အမျိုးအစားကို လိုက်၍ ထိပ်စ တစ်ပိဿာလျှင်ကျပ်(၅၄၇၅) ၊ အလတ်စ တစ်ပိဿာလျှင်ကျပ် (၅၀၀၀)၊ အနိမ့် စတစ်ပိဿာလျှင်ကျပ် (၄၀၀၀)၊ ယောကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင်ကျပ်(၅၅၀၀)၊ အလတ်စ တစ်ပိဿာလျှင်ကျပ် (၅၀၀၀)၊ အနိမ့် စတစ် ပိဿာလျှင်ကျပ် (၄၅၀၀)ဖြစ်၍ ယခုတတိယပတ်တွင် ပတ်တွင်ပုလဲစ ကြက်သွန်နီ အမျိုးအစားကို လိုက်၍ ထိပ်စ တစ်ပိဿာလျှင်ကျပ်(၅၀၀၀)၊အလတ်စ တစ်ပိဿာလျှင်ကျပ် (၄၅၀၀)၊အနိမ့် စတစ်ပိဿာလျှင်ကျပ် (၄၀၀၀)၊ ယောကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင်ကျပ်(၅၁၀၀)၊အလတ်စ တစ်ပိဿာလျှင်ကျပ် (၄၆၀၀)၊အနိမ့် စတစ်ပိဿာလျှင်ကျပ် (၄၀၀၀)၊ ယခင် တစ်ပတ်များနှင့် နှိုင်းယှဉ်လျှင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် (၅၀၀)ခန့်ဈေးကျသွားကြောင်း ၊ တင်ပို့မှု အနေဖြင့် ရန်ကုန်နှင့် မြဝတီမြို့များသို့ နေ့စဉ်ကုန်ချိန်ပိဿာ (၃၀၀၀၀ မှ ၅၀၀၀၀)ထိ တင်ပို့နေကြာင်းကုန်စည် ဒိုင်နှင့် ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)
