ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Mar 2025

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီသည် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

24 Mar 2025

               ရွှေဖရုံသီး၏အ‌ရောင်သည် ရွှေရောင်ကဲ့သို့ ဝင်းဝါနေပြီး အရာသာ အနည်းငယ်ချို သည်။ ရွှေဖရုံသီး၏အသားသည် မချက်ပြုတ်မီ အလွန်မာကျောသော်လည်း  အပူပေးချက်ပြုတ် ပြီးနောက် အင်မတန်နူးညံ့သည်။ အသီးသာမက အပင်၏အရွက်၊ အညွန့်၊ အပွင့်နှင့်အစေ့တို့ကို လည်း စားသုံးနိုင်သည်။ ထားဝယ်မြို့ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ကွင်း စိုက်ပျိုးခြံများတွင် စိုက်ပျိုး၍ထွက်ရှိလာသောအသီးများကို ကုန်စိမ်းသည်များသို့ ဖောက်သည်ပေးကာ ထိုမှတဆင့် အနီးအနားရှိဈေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ရွှေဖရုံသီးအသေးတစ်

24 Mar 2025

ထားဝယ်နနွင်းကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်၊ ဝယ်လက်တွေကတော့ ချင်း (စို) နှင့်အတူ နနွင်းကိုလည်း အနည်းအကျဉ်းဝယ်နေလို့ စျေးကွက်မှာတော့ ပုံမှန်အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပြည်ပကို ပင်လယ်ရေကြောင်းကနေတဆင့်သွားနေသလို နယ်စပ် စခန်း တွေကလည်း သွားနေတယ်လို့ သိရပါတယ်။  ထားဝယ်စျေးကွက်တွင် နနွင်းတစ်ပိဿာ စျေးမှာ အနိမ့်ဆုံး (၁၅၀၀၀) မှ အမြင့်ဆုံး (၂၀၀၀၀) စျေးရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

24 Mar 2025

          ဓနိပင်သည် ထားဝယ်မြစ်ကမ်းတစ်လျှောက်တွင် အများဆုံးတွေ့ရပြီး ထားဝယ်ဒေသခံ အနည်းစုမှာ ဓနိပင်ကနေ ဓနိသကြား၊ ဓနိဖက်၊ ပုအုန်းရည်များထုတ်ယူပြီး အသက်မွေးဝမ်းကြောင်း ပြုကြသည်။ ဓနိပွင့်ယိုပြုလုပ်ရာတွင် ဓနိပန်းကိုခူးပြီး အခြောက်လှန်းကာ ဓနိဦးရည်ဖြင့် ကျိုချက်ကြ ခြင်းဖြစ်သည်။

24 Mar 2025

ထားဝယ်မြို့ စည်ပင်သာယာဈေးရှိ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံ များ လာရောက်ရောင်းချလျက်ရှိရာ  စတော်ဘယ်ရီသီးများမှာလည်း လူကြိုက်များ၍ ‌‌ရောင်းအား ကောင်းပါသည်။

              စတော်ဘယ်ရီသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြသည်ဟု သိရှိရပါသည်။ စတော်ဘယ်ရီသီးကို သားရေစာ အဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း အများဆုံး စားသုံးကြပါသည်။

Pages