ကုန်သွယ်မှုသတင်းများ
ဓနိပင်သည် ထားဝယ်မြစ်ကမ်းတစ်လျှောက်တွင် အများဆုံးတွေ့ရပြီး ထားဝယ်ဒေသခံ အနည်းစုမှာ ဓနိပင်ကနေ ဓနိသကြား၊ ဓနိဖက်၊ ပုအုန်းရည်များထုတ်ယူပြီး အသက်မွေးဝမ်းကြောင်း ပြုကြသည်။ ဓနိပွင့်ယိုပြုလုပ်ရာတွင် ဓနိပန်းကိုခူးပြီး အခြောက်လှန်းကာ ဓနိဦးရည်ဖြင့် ကျိုချက်ကြ ခြင်းဖြစ်သည်။

ထားဝယ်မြို့ စည်ပင်သာယာဈေးရှိ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံ များ လာရောက်ရောင်းချလျက်ရှိရာ စတော်ဘယ်ရီသီးများမှာလည်း လူကြိုက်များ၍ ရောင်းအား ကောင်းပါသည်။
စတော်ဘယ်ရီသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြသည်ဟု သိရှိရပါသည်။ စတော်ဘယ်ရီသီးကို သားရေစာ အဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း အများဆုံး စားသုံးကြပါသည်။

မုန်ညင်းထုပ်သည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အာရှတိုက် တစ်ဝန်းလုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင်လည်း ဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ ဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း သင့်တင့်သောရာသီဥတုရှိသည့် ရှမ်းပြည်နယ်၌ ပိုမိုဖြစ်ထွန်း သည်။ တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သောသီးနှံတစ်မျိုး ဖြစ်သည့်အတွက် စိုက်ပျိုးသူတောင်သူ များအနေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချနိုင်ပြီး ဝင်ငွေကောင်းသော သီ

ထားဝယ်မြို့ရှိ ကျေးရွာများနှင့်အခြားမြို့နယ်များရှိ ကျေးရွာများတွင် ပန်းဂေါ်ဖီများအား တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မိသားစုဝင်ငွေများ အများအပြားရရှိနေပါသည်။ အရွယ်ရောက်၍ ရောင်းပန်းဝင်လာသော ပန်းဂေါ်ဖီပွင့်များကို ထားဝယ်မြို့ ကမ်းနားပျံကျဈေး၊ စည်ပင်သာယာဈေး ကြီးနှင့် ရပ်ကွက်ဈေးငယ်များတွင် သွားရောက်ရောင်းချကြပါသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ၂၁.၃.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းသည် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
